(🆉)
Hawaiiရဲ့ညဖက်အလှနဲ့ လိုက်လျောညီထွေစွာရှိနေတဲ့ လိုက်ဖက်တဲ့ စုံတွဲ ။
ညလေအေးအေးလေးဟာ လက်တွဲဖော်နှစ်ယောက်ပေါ်ကို ဖြတ်သန်းကျီစယ်သွားသည်။Taehyungပုခုံးပေါ်ကိုရောက်လာတဲ့ Jungkookအနွေးထည်ကို
Jungkookကခြုံပေးလိုက်သည်...။ Taehyungဝတ်ထားတာက ပါးပါးလေးနဲ့ဘောင်းဘီတိုလေးမလို့ ။ထိုအချင်းအရာကိုသိလို့ Jungkookကဆောင်ထားခဲ့တာ...
ပုခုံးပေါ်ကို အနွေးထည်လေးခြုံပြီးတာနဲ့ ပုခုံးပေါ်ကိုသာဖက်ထားလိုက်သည်။အခုညဖက်ကမ်းခြေဘေးမှာ လမ်းလျှောက်နေကြသည်လေ...
"အချစ် ပြန်ရအောင်လေ ဒီမှာအေးတယ် ချစ်ခင်ပွန်းလေးက တိုတိုလေးဝတ်ထားတာ ကျစ်"
"ဟင် အဲ့ကျစ်က ဘာဖြစ်တာ"
"တစ်နေကုန်အဲ့တိုင်းလေးဆိုတော့ ကိုယ့်အပိုင်လေးကို သူများတွေကြည့်တယ်လေ"
"အဲ့လိုကြည့်လို့ပဲ ရန်သွားမူမူနေတာကကော ဘယ်သူလဲ?အဲ့တာကြ ထည့်မပြောဘူး"
"အဲ့တာကတော့ ဟို ထားလိုက်ပါတော့ လာပြန်မယ်"
"ချီခေါ်သွားပေး"
"ဘာလို့လဲ?လမ်းလျှောက်နိုင်ပြီမဟုတ်ဘူးလား?"
"စကားကိုတစ်ခွန်းထဲနဲ့ကို ပြောလို့မရဘူး"
"Ok Ok အဆင်သင့်ပါပဲ"
ပွေ့ချီမယ်လုပ်တော့ ငြင်းပြန်သည် ။
"ဟင့်အင်း ဒီလိုမဟုတ်ဘူး အရှေ့ကနေ ဒီတိုင်းချီသွား"
လည်ပင်းကိုဖက်ကာ အတင်းကုပ်တက်တဲ့ Taehyungကြောင့်
Jungkookလည်း အလိုက်သင့်တင်ပါးလေးကို ပင့်ထားပြီး ထိုအတိုင်းသာ Hotelကိုချီခေါ်သွားတော့သည်။Jungkookလည်ပင်းကိုမျက်နှာအပ်ပြီး လည်ပင်းကို တစ်ရှုံ့ရှုံ့နမ်းနေတဲ့ Taehyung
"Baby ငြိမ်ငြိမ်နေလေ"
နားမထောင် နမ်းနေစဲ သွားနဲ့ပါ ခပ်ဖွဖွကိုက်သည် ။
"ဟား Baby လမ်းပေါ်မှာနော်"
"ဟစ်ဟစ် မကြိုက်ဘူးလား?ချစ်လို့လေ ယောကျာ်းကိုကိုကလည်း"
![](https://img.wattpad.com/cover/328274865-288-k47637.jpg)
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...