(🆉)
ဒီနေ့ဟာ Taehyungနဲ့Jungkookတို့ရဲ့ 5နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့...
မနိုးသေးတဲ့ Jungkookကို ပါးလေးနမ်းကာနှိုးတဲ့ Taehyung...
"ယောကျာ်းထတော့ဆိုကွာ..."
"အွန်း...ဟွန်း..."
ဟိုဘက်ကိုလှည့်အိပ်သွားပြန်သည်။လည်ကုပ်ကို တစ်ပြွတ်ပြွတ်နမ်းတော့လည်း ထမလာ...
ဒီဘက်ကိုဆွဲလှည့်ပြီး နုတ်ခမ်းကိုလက်နဲ့ညှစ်ကာ စူထွက်လာတဲ့ နတ်ခမ်းလေးကို ပြွတ်ခနဲဆွဲစုပ်တော့ ပြုံးတုံ့တုံ့...
"ဒီနေ့ ဘာနေ့လဲ ယောကျာ်းရဲ့ "
"အွန်း သောကြာထင်တယ် "
"ဟမ်?ယောကျာ်းနော် မစနဲ့ သိရဲ့သားနဲ့..."
"ဟမ် ဘာကိုစရမှာလဲ အစောကြီးနှိုးနေပြီးတော့ အိပ်ရေးပျက်တယ်ကွာ "
Taehyungဝမ်းနည်းသွားပေမဲ့လည်း သူမမှတ်မိတော့လည်း ဘာဖြစ်လဲ ကိုယ်မှတ်မိရင်ရနေပြီပဲမလား ဆိုပြီး ဖြည့်တွေးလိုက်တယ်...
ဒါကြောင့် ဆက်မနှိုးပဲနဲ့ မျက်နှာငယ်လေးနဲ့သာ ထွက်လာခဲ့တယ် ။
စီစဉ်စရာရှိတာတော့ စီစဉ်ရမှာပဲ အဲ့တာမလို့ ဖုန်းလေးကို နှိုက်ကာ နံပါတ်တစ်ခုဆီသို့ ဆက်လိုက်သည် ။
အိပ်ခန်းထဲက Jungkookကတော့ ငေါက်ခနဲထရပ်ရင်း...
"အရမ်းစိတ်မကောင်းဖြစ်သွားပြီလားမသိဘူး ကျစ် နဲနဲမှလွဲလို့မဖြစ်တာကို "
နှစ်ယောက်သားက ကိုယ့်အစီစဉ်နှင့်ကိုယ်သာ ဗျာများနေကြတာ ။
"ထယ် ရေ ထယ် ပြီးပြီလား ဆေးရုံသွားဖို့နောက်ကျတော့မှာပဲ လာမြန်မြန်"
Necktile ကိုမြန်မြန်စီးရင်း အောက်ထပ်ကို မြန်မြန်ဆင်းလာပြီး ကျွန်တော့်လက်ကို အတင်းဆွဲတဲ့ Jungkook...။
"နေပါဦး ထမင်းမစားတော့ဘူးလား?"
"ဟင့်အင်း သမီးလေးရေ သွားမယ်"
"Nae...Daddy..."
ကလေးကို အမြန်ကောက်ပွေ့ကာ အရှေ့ကနေ ထွက်သွားပြီဖြစ်သော Jungkook Taehyungကတော့ ကြောင်တောင်တောင်နှင့်သာ ကျန်ခဲ့သည် ။
YOU ARE READING
Hey Doctor{Completed}
FanficJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...