Epi-25

4.5K 172 24
                                        

(🆉)

'မကြာမီအချိန်အတွင်းမှာ Hawaii သို့ထွက်ခွာတော့မည့် လေကြောင်းလိုင်းအမှတ် 1131လေယဉ်ပေါ်သို့ ခရီးသည်များ နေရာယူထားပေးပါရန် ညွှန်ကြားအပ်ပါသည်ရှင် '

လေယာဉ်ကွင်းကောင်တာမှ Receptionist ပြောကြားနေတာကြောင့် အထုတ်တွေသေချာစုံရဲ့လားဆိုတာ ပြန်ရေနေသည်။

"ထယ် လိုအပ်တာတွေ အကုန်ပါရဲ့လား ?"

"ပါတယ် ကို "

"အွန်း...ဒါဆို သွားရအောင်လေ "

"ဟုတ်"

VIPဆိုတဲ့ နေရာကို နှစ်ယောက်သား နေရာယူကြပြီးနောက် စိတ်လှုပ်ရှားနေရတာက Taehyung...

Jungkookလည်း သိတာကြောင့် လက်ကိုဖွဖွကိုင်ပြီး ဖက်ထားပေးတော့ ပုခုံးပေါ်မှီချလာတဲ့ ခေါင်းလေး ။

ဖက်ထားလိုက်ပြီး ခေါင်းလုံးလုံးလေးကိုမွှေးကြူတော့ စတော်ဘယ်ရီနံ့လေးက သင်းကနဲ ၊

လေယာဉ်ထွက်တော့ မျက်လုံးကိုအတင်းအကြပ်မှိတ်ထားသည်။

"ထယ် လေယာဉ်စီးဖူးတာ ပထမဆုံးလား ?"

"ဟုတ်တယ်...ဖက်ထားပေး "

"အော "

လေယာဉ်မယ် စားစရာ ၊ သောက်စရာ တွေလာချပေးတော့လည်း
မဖွင့်သေး...

"ထယ် အအေးသောက်ဦးမလား ဝိုင်ကော သောက်မလား?"

"အွန်း ဝိုင်သောက်မယ်..."

"Ok...လေယာဉ်ပေါ်မှာဆို ဝိုင်ဖြူက သောက်လို့အကောင်းဆုံးတဲ့ "

"ဟုတ်လား? အာ့ဆို အဲ့တာပဲသောက်မယ်"

"ဟုတ်ပြီ "

Jungkook လေယာဉ်မယ်ဆီ မှာနေပေမဲ့ သူကတော့ ဂရုမစိုက်အား မြင်နေရတဲ့ တိမ်ဆိုင်တွေကိုကြည့်လိုက် အောက်က မြေပြင်ကိုကြည့်လိုက်နဲ့ စိတ်အေးချမ်းသလို ခံစားရသည်။

ညနေဘက်ဖြစ်တာကြောင့် တိမ်တွေကြားက နေရောင်နီနီဟာ တစ်ကမ္ဘာလုံးကို အလှဖန်ဆင်းပေးနေသလို...

ကျွန်​တော့်ရဲ့ပထမဆုံးတွေဟာ Jungkookနဲ့ပဲ ဖြတ်သန်းရတာမလို့ ရင်ထဲနွေးထွေးရသည်။

အတွေးတွေ နယ်ချဲ့နေတုန်း သူ့ရှေ့ရောက်လာတဲ့ ဖန်ခွက်နဲ့အတူ ဝိုင်ဖြူများ

Hey Doctor{Completed}Where stories live. Discover now