Final

4.7K 165 16
                                    

(🆉)

2 Years Later...

Jeon အိမ်တော်ကြီးတွင်

"ရေခဲမုန့်ကို အဲ့လောက်မစားရဘူးလို့ Papaပြောထားတယ်မလား ?Papa စကားကိုနားမထောင်တာလား ?Jeon Hahyung "

Taehyung ဆူတော့ သမီး​လေးဟာ ငိုမဲ့မဲ့နဲ့ မျက်ရည်လေးတွေဝဲကာ Jeonရင်ခွင်ထဲကို ပိုတိုးဝင်သွားလေ၏။

သမီးလေး ဂျွန်ဟာ​ယောင်းက မိဘမဲ့ဂေဟာကနေ မွေးစားထားခြင်းပင် Jungkookက တကယ်ကို ကတိတည်ခဲ့တယ် ။

ကျွန်​တော့်ကိုလုံးဝ အသားနာခံပြီး လုံးဝမမွေးခိုင်း...။

အခု သမီးကိုအလိုလိုက်တာလည်း သူပဲပင်

အပြင်က ပြန်လာတိုင်း ကျွန်​တော်မသိအောင် မုန့်တွေကို ခိုးဝယ်ပေးထားခြင်း ။

"ထယ်ကလည်းကွာ ကလေးပဲ စားပါစေကွာ အရမ်းကြီးမဆူပါနဲ့ "

"Jungkookနော် မင်းအမြဲတမ်းကလေးကို အလိုလိုက်နေ ချောင်းဆိုးတာတို့ နေမကောင်းတာတို့ဆို ဘယ်သူဂရုစိုက်ရလဲ ဒီ Kim Taehyungပဲ ဂရုစိုက်ရတာ!"

"ထယ်ကလည်း ဘယ်Jungkookလဲ ယောကျာ်းဆို Kim Taehyungလည်း Jeon Taehyungပါ "

"အခု အဲ့တာကအရေးကြီးလား?!"

"ဟို အဲ့တာက "

"Jeon Jungkook!!!"

"ခင်ဗျာ~"

"ကလေးချောင်းဆိုးရင် ဆေးတိုက်ရမယ်မှတ် "

"ဟုတ် "

"နောက်တစ်ခါအလိုလည်း မလိုက်ရဘူး ဆုံးမစရာရှိတာဆုံးမ"

"ဟုတ်"

"နောက်ပြီး နောက်ခါ ချောင်းဆိုးစေမဲ့ မုန့်တွေ အများကြီးဝယ်ခဲ့ရင် မင်းညဘက် အခန်းထဲကိုအရိပ်တောင်လာမနင်းနဲ့ ရှင်းရှင်းပြောရရင် မင်းချစ်ချင်ရင်တောင် လုံးဝအခန်းထဲကိုမလာနဲ!ဒါပဲ!!!"

"ဗျာ! No!!! မဖြစ်ရဘူး!!!"

Jungkookမှာ အော်ဟစ်နေသလောက် သူကြောက်ရတဲ့ ထယ်ဟာ အိမ်အပေါ်သို့တက်သွားလေပြီ သူတို့သမီးအဖနှစ်ယောက်ကို ထားပြီးတော့ပေါ့ ။

"Daddy ဘာလို့အော်တာလည်းဟင် Papaကကော ဘာလို့ချစ်တာကိုပြောသွားတာလဲ?သာမီးနားမလည်ဘူး "

Hey Doctor{Completed}Where stories live. Discover now