မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၁၂)
“မိုင်ရာမီတက္ကသိုလ်က ကျောင်းသားကင်မ်ထယ်ယောင်းကို ဘာနေးပုန်ကန်မှုမှာ သံသယရှိသူအဖြစ် အခုချက်ချင်းပဲ ဖမ်းဆီးပါတယ်”
ကင်မ်သည် ဘာမှမပြော။ မျက်လုံးစုံမှိတ်၊ အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ဂျီမင်းဆီ စာဆက်ရေးဖို့ပြင်လိုက်သည်။
“လက်မြှောက်ထားပါ ကျောင်းသားကင်မ်ထယ်ယောင်း”
“မဖမ်းခင် ဒီစာလေးပြီးအောင် ရေးခွင့်ပြုနိုင်မလား”
ကင်မ်က တောင်းဆိုလိုက်သည်။ သို့သော် မိုင်ရာမီစစ်သားများက ကင့်မ်ရဲ့ တောင်းဆိုမှုကို လက်မခံခဲ့။ သေနတ်ကိုယ်စီချိန်ရွယ်ရင်း ကင်မ့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
တပ်ကားတွေအကုန် မောင်းထွက်သွားသည်အထိ တက္ကသိုလ်တွင်းမှာတော့ အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်ကျန်ခဲ့သည်။ ကင်မ်ပြီးဆုံးအောင် မရေးခဲ့နိုင်သည့် စာရွက်ဖြူလေးဟာ စားပွဲထက်မှာ ထိုအတိုင်း။
အလားတူ ဘောပင်လေးဟာလည်း ကင့်မ်အခန်းထဲက အေးစက်စက် ကြမ်းပြင်ထက်မှာ ငြိမ်သက်စွာ ကျန်ရစ်ခဲ့တော့သည်။
__________________
၁၉၄၀ ခုနှစ်။
မိုင်ရာမီမြို့ ဘာနေးပုန်ကန်မှုအကြောင်း။ဤအကြောင်းကို လက်ရှိ မိုင်ရာမီဘုရင်နဲ့ ဘုရင်မတို့ နန်းမတက်မီက အချိန်ကာလများနှင့် ဆက်စပ်၍ ဖော်ပြရမည်ဖြစ်သည်။
၁၉၂၀ခုနှစ် ဝန်းကျင်ပိုင်းတွင် မူလနန်းတက်မည့် မိုင်ရာမီဘုရင်ဟာ ရုတ်တရက်ကြီး ဆုံးပါးသွားခဲ့ရသည်။ ထို့အတွက် ညီတော်ဖြစ်သည့် လက်ရှိဘုရင်နဲ့ ဇနီးသည် ဘုရင်မတို့က မိုင်ရာမီမှာ အလိုလို နန်းတက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ဘာနေးပုန်ကန်မှု-ဆိုသည်မှာ မိုင်ရာမီဘုရင်ဟောင်း၏ မသင်္ကာစရာ သေဆုံးမှုအတွက် အခုထိတိုင် ကျေနပ်မှုမရှိကြသည့် လူတစ်စု၏ တိတ်တဆိတ် လက်စားချေလိုသော ပုန်ကန်မှုပင်ဖြစ်သည်။