အပိုင်း တစ်ဆယ့်ကိုး

2.5K 506 84
                                    

မိုင်ရာမီ ချစ်ပုံပြင်

အပိုင်း (၁၉)

“နာမည်က”

“ကင်မ်ထယ်ယောင်း”

နန်းတော်ဝင်ခွင့်စာမေးပွဲအတွက် စာစစ်ဌာနရှေ့မှာ လျှောက်လွှာတွေ ဝယ်ယူနေကြသည်မှာ လူအတန်းလိုက်။ ထိုထဲမှ တစ်ယောက်ကတော့ ကင်မ်။

လျှောက်လွှာထက် ကင့်မ်နာမည်အပြည့်အစုံကို တာဝန်ရှိသူတစ်ဦးက ရေးဖို့ပြင်လိုက်ချိန် အခန်းထဲကို လူတစ်ယောက်ရောက်ချလာပြီး ယင်းတာဝန်ရှိသူအား ခပ်တိုးတိုး စကားကပ်ပြောလိုက်သည်။

ဘာပြောနေလဲဆိုတာ မကြားရပေမဲ့ စောနကအထိ အဆင်ပြေခဲ့သည့် တာဝန်ရှိက ကင့်မ်ကို အကဲခတ်သလို ကြည့်လာပုံကိုကြည့်ခြင်းအားဖြင့် အခြေအနေက မကောင်းနိုင်။ ထင်သည့်အတိုင်းပင် ထိုလူသည် လက်ထဲက ရေးလက်စ မှင်တံကိုချကာ ရပ်တန့်လိုက်လေတော့သည်။

“နောက်တစ်ယောက်လာမယ်”

“လျှောက်လွှာမရသေးဘူး”

“ကင်မ်ထယ်ယောင်းကို နန်းတော်ဝင်ခွင့်စာမေးပွဲအတွက် တားမြစ်ထားပါတယ်”

အလိုလို လက်သီးဆုပ်လိုက်မိတာကြောင့် ကင့်မ်လက်တွေဟာ တင်းခနဲ။ ဒါက မတရားမှုဆိုတာ သိပေမဲ့ လောလောဆယ်အနေနဲ့ ကင့်မ်မှာ ကလန်ကဆန်လုပ်ပိုင်ခွင့်လည်း ရှိမနေတာကြောင့် ထိုအတိုင်းသာ လှည့်ပြန်ခဲ့ရသည်။

မိုင်ရာမီရဲ့ ကောင်းကင်ကတော့ ကင့်မ်ဖြစ်အင်ကို နားလည်နေသည့်အလား ဝမ်းနည်းဖွယ်ကောင်းသော ရာသီဥတုသို့ ကူးပြောင်းသွားပြီး ဖွဲတဲတဲမိုးတို့အား ကြဲချပေးလာသည်။

ချက်ချင်းဆိုသလို ထီးရောင်စုံတို့နဲ့ ပြည့်နှက်သွားသည့် မိုင်ရာမီရဲ့ ကတ္တရာလမ်းမထက် ကင်မ်ကတော့ ထီးအစား ဦးထုတ်အဖြူတစ်လုံးကိုသာ ဆောင်းထားခဲ့သည်။

အပြင်ပန်းက ကြည့်ရုံနဲ့ ကင့်မ်စိတ်ကို ခန့်မှန်းလို့မရဘူးဟု ဂျီမင်းပြောခဲ့ဖူးသည့်အတိုင်း ကင်မ်က အစစအရာရာ အဆင်ပြေနေသူတစ်ဦးလိုမျိုး တစ်လမ်းလုံး ခြေလှမ်းတစ်ချက်မယိုင်ဘဲ တည်တည်ငြိမ်ငြိမ်ရှိလွန်းသည်။

မိုင်ရာမီချစ်ပုံပြင်Nơi câu chuyện tồn tại. Hãy khám phá bây giờ