မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၁၄)
“ဘာလုပ်နေကြတာလဲ။ အခုရပ်ခိုင်းလေ!”
အိမ်ရှေ့စံက ထပ်ပြောလိုက်တော့ ထိန်းချုပ်ခန်းထဲက လူတွေအကုန် ယောက်ယက်ခတ်သွားရသည်။ အန်ကယ်ဂျော့ဟာလည်း ဝါလ်တန်ရောက်နေသည့် တပ်တွေကို လှမ်းပြီး ဆက်သွယ်ရတော့သည်။
“သားတော်”
ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ သူ့မိဘတွေဖြစ်တဲ့ ဘုရင်၊ ဘုရင်မနဲ့ နောက်ပြီး စစ်အရာရှိကြီး။ မျက်နှာအမူအရာတွေကို ကြာ့်ရသလောက် ကျေနပ်ပျော်ရွှင်နေကြတာမျိုးတော့မဟုတ်။
“မင်းသားမှာ ဒီလိုကိစ္စကြီးတွေကို စွက်ဖက်ဖို့အခွင့်အရေးမရှိပါဘူး”
မိုင်ရာမီတက္ကသိုလ်ထဲမှာ ဆုံခဲ့ကတည်းက မပြေလည်တဲ့ အိမ်ရှေ့စံနဲ့စစ်အရာရှိကြီးတို့ကြားက ဆက်ဆံရေးက အခုချိန်မှာတော့ ပိုတင်းမာသွားခဲ့ရသည်။ စစ်အရာရှိကြီးအမြင်မှာ အိမ်ရှေ့စံက ဝင်စွက်ဖက်တယ်ဆိုပဲ။
“ဒါက စွက်ဖက်တာလား။ ကောင်းပြီ ကြိုက်သလိုထင်လို့ရတာမို့ ငြင်းဖို့စိတ်ကူးမရှိဘူး။ ဒါပေမဲ့ ဂျီမင်းကို တစ်ခုခုထိခိုက်လိုက်တာနဲ့ အခုလို စွက်ဖက်တယ်ဆိုရုံနဲ့ ရပ်သွားမှာမဟုတ်ဘူး။ ခွင့်ပြုပါဦး”
စစ်အရာရှိကြီးရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ ပြောသွားလေသူ။ မိဘနှစ်ပါးကို အရိုအသေပေးပြီးတာနဲ့ ချက်ချင်းထွက်သွားပုံကြောင့်လည်း ကျန်နေခဲ့သည့် ဘုရင်နဲ့ဘုရင်မမှာ မယုံနိုင်ဖြစ်နေရတော့သည်။
မိုင်ရာမီအိမ်ရှေ့စံဆိုတာ ဘယ်တုန်းကများ ဒေါသတကြီးနဲ့ ဒီလိုအမိန့်မျိုး ပေးဖူးလို့လဲ။ အကုန်လုံးအတွက်တော့ ပထမဆုံး။ သို့ဖြစ်ရာ ဘယ်သူမဆို မယုံနိုင်ဖြစ်ကြတာလည်း မလွန်တော့မလွန်ခဲ့။
အခန်းထဲ ဝင်လိုက်သည်နှင့် ထမြည်လာသည့် ဖုန်းကြောင့် အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ အဆင်ပြေလောက်ပြီဆိုတော့မှ ဖုန်းခွက်ကိုကောက်ကိုင်ခဲ့သည်။
