အပိုင်း တစ်ဆယ့်ခြောက်

2.4K 556 207
                                    

မိုင်ရာမီ ချစ်ပုံပြင်

အပိုင်း (၁၆)


“ဒီနေရာပဲ”

ဂျီမင်းသည် လက်ထဲက လိပ်စာလေးကိုတစ်လှည့်၊ မျက်စိရှေ့က စားသောက်ဆိုင်ကိုတစ်လှည့်ကြည့်ရင်း သေချာသွားအောင် နောက်ဆုံးတစ်ခေါက် ထပ်စစ်ဆေးကြည့်လိုက်သေးသည်။

တည်းခိုဆောင်တုန်းကလိုပဲ။ ကင့်မ်နာမည်နဲ့ ကြိုအမှာစာတင်ထားတဲ့ စားသောက်ဆိုင်ရဲ့ သီးသန့်အခန်းလေးထဲမှာ တစ်ယောက်တည်း ထိုင်စောင့်နေလိုက်သည်။ ကင်မ်က ဘယ်တော့လာမှာလဲ။

“ရောက်နေပြီကိုး”

အသံနဲ့အတူ ဆွဲဖွင့်ခံလိုက်ရသည့် တံခါးနောက်မှာ ဂျီမင်း တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းတစ်ယောက် ပေါ်လာခဲ့သည်။ ကုတ်အရှည်ကြီးနဲ့ ထိုလူက သူ့ကိုပြုံးပြရင်း မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာသည်။

“ဘယ်သူပါလဲ”

ကြွေပန်းကန်လေးထဲ လက်ဖက်ရည်ကြမ်းငှဲ့ထည့်နေသူအား ဂျီမင်းက သတိကြီးကြီးထားရင်း မေးလိုက်သည်။ မေးခွန်းကြောင့် ထိုလူက ဂျီမင်းကို မျက်လုံးလှန်ကြည့်လာရင်း ရုတ်တရက်ကြီး ထရယ်သည်။

ကျောရိုးဆီက စိမ့်ခနဲဖြစ်သွားတဲ့ ခံစားချက်ကြောင့် တစ်ခုခုဆိုတာနဲ့ အခန်းထဲက ထွက်ပြေးနိုင်ဖို့ ဂျီမင်းက အသင့်ပြင်ထားခဲ့သည်။

“စိတ်မပူပါနဲ့။ ကျုပ်ကို သူဌေးလေးကင်မ်က လွှတ်လိုက်တာပါ”

“ကင်မ်ကလား”

ပူပူလောင်လောင် လက်ဖက်ရည်တစ်ပန်းကန်ကို ကုန်စင်အောင် မော့သောက်လိုက်ရင်း ထိုလူက ခေါင်းငြိမ့်ပြသည်။ စိတ်တစ်ထစ်လောက် အေးသွားရသလိုမျိုး ဂျီမင်းလည်း ထိုအခါမှ အသက်ရဲရဲရှူနိုင်တော့သည်။

“အခု ကင်မ်က ဘယ်မှာလဲဟင်”

“အရေးကြီးကိစ္စလေး ပြင်ဆင်နေလို့ပါ”

ကင့်မ်အတွက် တော်တော်လေးမှ အရေးကြီးတဲ့ကိစ္စမို့လို့လားဆိုပြီး ဂျီမင်း တွေးလိုက်မိသွားသည်။

မိုင်ရာမီချစ်ပုံပြင်Where stories live. Discover now