မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း - (၂၄)
ကင်မ်က မိုင်ရာမီနန်းတော်ထဲမှာ ဘဏ္ဌာရေးဌာနကို ရွေးမယ်အထင်နဲ့ မြို့စားမင်းက ကောက်ကျစ်ယုတ်မာစွာပဲ စစ်ဘက်ရေးရာကို ရောက်ရှိသွားအောင် ဌာနဆီမှာ ဖိအားပေးခဲ့တယ်။“ဆရာကင်မ် မင်း ဘာလို့ စစ်ဘက်ရေးရာကိုရွေးလိုက်တာလဲ”
ဌာနအလိုက် ပြောင်းရွှေ့မိန့်တွေကျလာတော့ အီရစ်က ကင်မ် စစ်ဘက်ရေးရာကို ရွေးချယ်လိုက်တယ်ထင်ပြီး စပ်စပ်စုစုမေးလာတော့တယ်။
“ငါ မရွေးဘူး”
နားမလည်ချင်စရာ ကင့်မ်အဖြေကြောင့် အီရစ်က မျက်ခုံးပင့်လိုက်တယ်။ ဝင်ခွင့်ရသူတွေ အကုန်လုံးထဲမှာမှ ဒီတစ်ယောက်ရဲ့ ပုံစံက အားလုံးနဲ့ကွဲထွက်ပြီး ထူးခြားနေတာ။
“ကျန်တဲ့သူတွေအကုန် သူတို့ကြိုက်ရာရွေးချယ်လို့ရတာကို ဆရာကင်မ်ကျမှ ဘာလို့အဲ့လိုဖြစ်တာလဲ”
“အီရစ်”
“ဟင်”
“ကျေးဇူးပဲ”
“ရုတ်တရက်ကြီး”
“မင်းကြောင့် ငါ့သည်းခံနိုင်စွမ်းရည်တွေ ပိုမြင့်လာတဲ့အတွက်ပါ”
ကင့်မ်စကားကြောင့် အီရစ်က ခေါင်းကုတ်ရင်း ရယ်ကျဲကျဲဖြစ်သွားရတယ်။
“ဘာပဲဖြစ်ဖြစ် ခွဲရတော့မှာပဲ။ ငါ့ဆီက တစ်ခုခု အကူအညီလိုအပ်တာရှိရင် အချိန်မရွေးလာခဲ့နော်”
“ကောင်းပြီလေ”
ဒီလိုနဲ့ပဲ ဝင်ခွင့်အောင်မြင်တဲ့ အတန်းသားတွေအကုန် သက်ဆိုင်ရာဌာနတွေကို အသီးသီးပြောင်းရွှေ့ခဲ့ရတော့တယ်။ ကင်မ်ဟာလည်း မိုင်ရာမီ၏ အဓိကကျကာ အန္တရာယ်များသည့် စစ်ဌာနဆီသို့။
___________________
မိုင်ရာမီနန်းတော်တွင်းရှိ စစ်ရေးလေ့ကျင့်ကွင်းထဲမှာ ဓားရေးလေ့ကျင့်နေသည့် အိမ်ရှေ့စံကို ကြင်ယာတော်ဖြစ်သူက အားပေးရင်း ထိုင်ငေးနေခဲ့သည်။
