Part.3

3.2K 97 0
                                    

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဒီနေ့က ခရာတို့အားလုံး ခရီးသွားမည့်နေ့ ဖြစ်သည်....ကိုလတ်က သူသူငယ်ချင်းတွေပါ ခရီးတွင် လိုက်မည်ဟုဆိုလာသောကြောင့် ခရာတို့ အဖွဲ့သည်လူများသွားခဲ့လေသည်။ခရာတို့မိန်းကလေးတစ်ခု တိုင်ပင်ထားသည်က ရေပြာအိုင်သို့ပင်ဖြစ်၍ ကိုလတ်တို့ကလဲ ထိုနေရာသို့ သွားရန်သဘောတူကြလေသည်......
-
-
"ထို့နောက် ကားပေါ်တွင် တွေ့လိုက်ရသည်ကား  ဟိုလူ......

"ဟာ....ဟိတ်...မင်း...မင်း...!
ထိုလူသည် ခရာအားတွေ့လျှင် မျက်မှောင်ကျုံကာ ကြည်နေလေသည်
-
"ဤတွင် ကိုလတ်က ထပြောသည်.......
  "စက်....ဘာဖြစ်တာလဲ...မင်းတို့နှစ်ယောက်ကသိနေကြတာလား...?

"မသိပါဘူး"
"မသိပါဘူး"
ဟူ၍ မတိုင်ပင်ဘဲ ပြိုင်တူငြင်းလိုက်ကြသည်.....
-
-
" လူလည်းစုံပြီဖြစ်၍ ခရာတို့အားလုံး ကားပေါ်တက်ကာ ရေပြာအိုင်သို့ ခရီးဆက်ခဲ့ကြသည်။ကားမောင်းသူနေရာတွင် ကိုလတ်က ဝင်ထိုင်၍ ကိုလတ်ဘေးတွင်တော့ ကိုနေထက်ဆိုသူကထိုင်လေသည် ထိုနောက် အလည်တွင် ထိုလူနဲ့သူသူငယ်ချင်းနှစ်ယောက်ထိုင် ကြပြီး ခရာတို့အဖွဲ့က နောက်ခုံတွငိ ထိုင်ရသည်.....
-
-
-" လွန်ခဲ့သော တစ်ပတ်ခန့်က.....⏱️⏱️

" သျှင်ဘုန်းစက် တစ်ယောက် ထိုနေ့မှ အေးအေးဆေးဆေးအလုပ်လုပ်ရန် K Koffee အား ထွက်ခဲ့လေသည်.....ဆိုင်ရောက်သည်ဆိုလျှင်ဖြင့် Black Tea တစ်ခွက်နှင့် ချောကလပ် cake တို့အားမှာပိးလျှင် သူ၌ပါလာသော လပ်တော့အား စားပွဲပေါ်တင်၍ သွယ်လျာသောလက်ချောင်းများဖြင့် စခရင်ထက် ပြေးလွှားနေသည်....

" မမ ပို့လာသော မက်ဆေ့ကို ခရာကြည့်၍ ထိုနေရာသို့ သွားရန် ခရာပြင်ဆင်နေသည်။ အညိုဖျော့ရောင် လည်ပိတ် Crop top လက်ရှည်ကို ကြက်သွေးရောင် Style plant ဖြင့် တွဲဖက်ဝတ်ဆင်းပိး ခါးလည်လောက်ရှိသော ဆံနွယ်တို့အား စုစည်းကာ ရှေ့ဆံမိတ်ချပိးလျှင် မက်မွန်ရောင်ရှိသော နူတ်ခမ်းနီးအား အနည်းငယ်ဆိုးပီး နီညိုရောင် mini Bag အားလွယ်ခါ အနက်ရောငိ ခြေသိုင်းဖိနပ်လေးအားစီးပြီး မမ ပြောသော ထိုနေရာသို့ ထွက်လာခဲ့လေသည်..
-
-
- "မမ ပြောပုံအရဆို ထိုလူသည်  နက်ပြာရောင် ဝတ်ဆင်ထားသူတစ်ဦးဖြစ်သည်....ထိုဆိုင်တွင်းအား ခရာရောက်သည်ဆိုလျှင်ပင်  နက်ပြာရောင်ဝတ်ဆင်ထားသော ထိုလူအား ခရာ လိုက်ရှာလိုက်သည်.......ဆိုင်၏ ထောင့်ကျသောနေရာတွင် လပ်တော့တစ်လုံးနဲ့အလုပ်လုပ်နေသောလူတစ်ဦးအားခရာတွေ့လိုက်သည် ထိုလူက နက်ပြာရောင် ဝတ်ဆင်ထားသဖြင့် ထိုလူရှိသော စားပွဲဝိုင်းအား ခရာသွားပိ ထိုလူနဲ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ထိုလူသည် ခရာထိုင်တာကိုပင် ဂရုမပြုမိဘဲ သူ၏ ရှေ့၌် ရှိသော လပ်တော့စခရင်ပေါ်တွင်သာ အာရုံရောက်နေလေသည်.........
-
-
-
-
"ခရာ ရှေ့မှာရှိသော ထိုလူသည် အတော်ပင်ကြည့်ကောင်းသည်...နက်မှောင်သော ဆံကေသာများကို လူငယ်ဆန်ဆန်ညှပ်ထားပိ အဖြူခံပေါ်တွင် နက်ပြာရောင်အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည်မှာ ထိုလူနှင့်အလွန်ပင်လိုက်ဖက်သည်...ထိုလူတွင် ပေါက်နေသောနူတ်ခမ်းမွှေး ရေးရေးလေးတွေက အမြင်ရိုင်းစရာမရှိဘဲ သူနဲ့အတော်ပင်ကြည့်ကောင်းသည် မဲမှောင်သော မျက်ခုံး ၊ စူးရှတဲ့အကြည့်၊ထူကဲညီညာတဲ့နူတ်ခမ်းသားနဲ့ ချောင်းတစ်ချက် ဟန့်လိုက်လျှင် ထွက်ပေါ်လာသော တည်ငြိမ်စူးရှတဲ့ ထိုလူရဲ့အသံနက်တွေက တစ်ဖက်လူကို ဆွဲဆောင်နိုင်သည် ထိုကဲ့သို့သောသူကို မမဘာလို့ မယူချင်တာလဲ ခရာ စဉ်းစားလို့ပင်မရပါ ...ထိုလူဘယ်လောက်ဘဲ ကြည့်ကောင်းပါစေ ခရာကတော့ မမကိုပြောထားတဲ့အတိုင်း Blind Date ပျက်အောင်ပြသာနာရှာပေးရမှာပင် ဟူး........
-
-
-
-" သျှင်ဘုန်းစက်တစ်ယောက် လပ်တော့စခရင်ပေါ်တွင်သာ အာရုံရောက်နေသဖြင့် သူ၏မျက်နှာချငိးဆိုင်တွင်ရှိသော ကောင်မလေးအား သတိမပြုမိ့ပါ.....

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now