Part .19

2.2K 45 2
                                    

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"သီဂီ် စိုး "

" အမလေး...အမလေး မိခရာ အမေနဲ့ဆိုင်သွားမှာဆို "

သီဂီစိုးက ခရာအားထိုသို့ ရွဲ့ပြော၍ မျက်စောင်းချီကာစိတ်ဆိုးနေလေသည်

" နှင်းစက်နွေး "
မှန်မှန်လိမ်နော် ခရာမ ငါတို့ကိုလိမ်ပြီး ဘယ်သူနဲ့လာတာလဲ

" မဟုတ်ပါဘူးဟ ငါတစ်ယောက်ထဲပါ မေမေက pizza စားချင်တယ်ဆိုလို့ လာဝယ်တာ "

ထိုအချိန်တွင် ခရာ နားလေးအားကိုကိုက ရောက်လာကာ....!

" ကလေးလေး...ဘာဖြစ်တာလဲ ကြာနေလို့ ကိုကို လိုက်လာတာ "

ဟု ဆိုပြီး သီဂီမတို့အားမမြင်သေးဘဲ ခရာအားကြည့်ကာတစ်လည်စပ်မေးလေသည်..... ထိုစဉ် ခရာလည်း ဟိုငတိမ‌တွေဖက်တစ်လှည့် ကိုကိုဘက်တစ်လှည်စီကြည့်ကာ လူက ထိုနေရာကပင် အငွေ့ပြန်ပျောက်ချင်မိသည် ခရာက လိမ်နေပါတယ်ဆိုမှ ဒီကိုကိုစုတ်က ရောက်လာရတယ်လို့ အခုတော့ ခရာအလိမ်တွေပေါ်တဲ့အပြင် ဟိုငတိမလေးယောက်ကလဲ ခရာကိုစိတ်ဆိုးနေပြီလေ ဟူး မထူးတော့ပါဘူး အမှန်အတိုင်းဘဲ ပြောပြလိုက်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ.......

"ခိုင်အမရာမီ "

" ဟမ် ခရာမ ဒီကလေးလေးဆိုတာကရောဘာတွေလဲ မဟုတ်မှ ကိုစက်နဲ့နင်နဲ့ "

ဟု ဆိုကာ ငတိမလေးယောက်သား ပါးစပ်အဟောင်းသားဖြင့်အံ့ ဩနေဟန်ရှိသည်...

နှင်းစက်နွေး
" မိခရာနော် ငါတို့ကို သူငယ်ချင်းလို့သတ်မှတ်သေးရဲ့လား "

" သတ်မှတ်ပါတယ်ချင်းဂုတို့ရယ် လာ လာ ဟိုမှာသွားထိုင်ကြမယ် ပိးကျရင် အကုန်လုံးပြောပြပ့ါမယ် နော် စိတ်မဆိုးကြပါနဲ့ "

ခရာလည်း ငတိမတွေအား အချိုသပ်ကာ ချော့ပြောရလေသည် မဟုတ်လျှင် သူတို့လေးယောက်လုံးကမလွယ်ပါ .....

" ပန်းချယ်ရီ "

"ကဲ ပြောစမ်းပါအုံး ငါတို့ကို မပြောရတဲ့အကြောင်းအရင်းလေး "

" မပြောတာမဟုတ်ပါဘူး နင်တို့ကလဲ ငါက ဘယ်ကစပြောရမလဲ မသိလို့ပါနော် "

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now