~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~" ကလေးငယ်နှင့်အတူနေ့လည်စာစားပြီးသည်နှင့် ကောင်းခန့်တို့ စီသို့နှစ်ယောက်သားထွက်လာခဲ့လိုက်လေသည်....မနက်ခင်းဖုန်းဆက်သည့်အချိန်ကတည်းက....အဲ့ကောင်တစ်ခုခုဖြစ်နေမှန်း.....သူရိပ်မိလိုက်တာမို့ ဖုန်းထဲတွင်စကားစဖြတ်လိုက်ပြီး လူချင်းတွေ့မှမေးရန်ဆုံးဖြတ်ထားသည်.......ကလေးငယ်လေးကတော့ ကားထဲ၌ နူတ်ခမ်းတစ်စူစူနှင်ပါလာလေရာ... သူမလေးစူချင်လည်းစူစရာဘဲလေ နွေလည်ခေါင်မှာလည်ပိတ်အကျီလေးကို ဝတ်ထားရတာကို မဝတ်လို့လည်းမရတော့ကလေးငယ်ဟာ သူကြောင့်အခုလို အိုက်တဲ့ရာသီမှာဒါမျိုးကြီးဝတ်နေရတာဆိုပြီး ကောက်တော်မူရချင်းပင်......ကောက်တော်မူနေသည့်ကလေးငယ်ကို သူမှာဘာတစ်ခွန်းမှမဟရဲဘဲ အရိပ်တကြည့်ကြည့်နှင့် ကားလေးကို တစ် ရွေ့ ရွေ့ မောင်းလာခဲ့လိုက်သည်က ......အာကာတို့စီပင်ရောက်လာခဲ့လေသည်.......သူတို့ရောက်သောအချိန်တွင် ငနဲသားတွေကခေါင်းချင်းဆိုင်ထိုင်နေကြပြီးသူကိုစောင့်နေကြဟန်နှင့်တူပါသည် ဟိုကောင် ကောင်းခန့်ကတော့ မျက်နှာမကောင်းပါ.....ဘာဖြစ်တာမှန်းသူလည်းမသိသေးသဖြင့်.....ကောင်းခန့်တို့စီအားသွားကာ ငနဲသားတွေက မျက်စပစ်ပြကြသည်မို့ ကလေးငယ်ကို သူသူငယ်ချင်းတွေစီသို့သွားခိုင်းလိုက်ပြီး.....သူက ငနဲသားတွေနား၌ ဝင်ထိုင်လိုက်လေသည်......
" ဘာဖြစ်ကြတာလဲ.....မျက်နှာလဲမကောင်းပါလား "
" ငါတို့လည်းပြောပြချင်လို့....မင်းကိုစောင့်နေတာ ချီး..!တဲ့မှဘဲ ပေါ်မလာတော့ဘူး "
စက်မေးသည်ကို ကောင်းထက်မိုးတစ်ယောက်မကျေမနပ်ဖြင့်ဆိုလေသည်.....
" ဟျောင့်...ကောင်းခန့်ပြောပြလိုက်လေ "
အာကာကျော်ကထိုသို့ဆိုလေရာ
" ဒီ..ဒီလိုကွာ...မနေ့ညက ငါ သဲလေးနဲ့မှားလိုက်မိတယ်အဲ့ဒါကွာ သဲငယ်က ငါကိုအထင်လွဲနေတာအခုထိ အတွေ့ကိုမခံဘူး ငါဘယ်လိုလုပ်ရမလဲ "
" ဘယ်လိုဖြစ်ရတာလဲ မင်းကလဲ ကောင်းထက်တို့နဲ့အတူလိုက်သွားတာမဟုတ်ဘူးလား "
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...