~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ချောင်းသာကို ရောက်တဲ့ ဒုတိယမြောက်နေ့မှာ ခရာတို့သဲဖြူကျွန်းကို သွားလည်ကြသည်....ချောင်းသာ ကမ်းခြေက သဲ ကညိုတယ် ဝါတယ်ဆိုပေမယ့်လဲ သဲဖြူကျွန်းမှကျ သဲဖြူလွ လွတွေအပြင် ရေတွေကလည်း ကြည်ကြည်လင်လင်ရှိကာ အေးမြနေသည်က စိတ်ကိုပျော်ရွှင်စေသည်။ speed Boat နဲ့သွားတာဖြစ်၍ လိုင်းမူးဒဏ်ကိုတော့ ခရာတို့ မခံစားကြရပါ၊ လှပတဲ့ရူခင်းလေးတွေနဲ့ ၊ သဲလေးတွေရဲ့နူးညံ့ဖြူစင်မူလေးတွေဟာ ထိုကျွန်းရဲ့ အဓိက နေရာတွေလည်း ဖြစ်သည်... ရေရဲ့ကြည်လင်မူတွေက သဲဖြူကျွန်းမှာ ခရာ သဘောကျဆုံးအရာပင်....နောက်တစ်ခု ထူးခြားချက်က သဲဖြူကျွန်းတစ်ကျွန်းလုံးဟာ ခရုခွံတွေနဲ့ပြည့်နှက်နေပြီး ရေလည်ခေါင်မှာ ကျွန်းတစ်ကျွန်းအဖြစ်တည်ရှိနေသည်က အံ့ဩစရာဖြစ်လေသည်
" ကိုကို...ခရာကို ဓာတ်ပုံရိုက်ပေးပါဦး"
တစ်လမ်းလုံးလဲ ဖုန်းကိုလက်ထဲကပင်မချရဘဲ စက်တစ်ယောက်ကင်မရာမန်းလုပ်နေရသည်ကအခုထိပင် မပြီးနိုင်သေးပါ အခုလဲ ကလေးငယ်ဟာ ဓာတ်ပုံရိုက်အုံးမည်ဆိုသောကြောင့် စက်တစ်ယောက် စိတ်ရူပ်ကာ အိမ်ကိုပင်ပြန်ရောက်ချင်တော့သည်...ဓာတ်ပုံတွေ ရိုက်ပေးပြန်တော့လဲ ရိုက်ထားသည့်ပုံက 100ဆိုရင် ကလေးငယ် သဘောကျတာက 10ပုံလောက်သာပါလိမ့်မည်...ဟိုပုံက စောင်းနေရတာနဲ့ ဒီပုံကြီးက မလှဘူးလေတို့နဲ့ ပြောကာ သူကိုပင် ပြန်စိတ်ဆိုးတက်သေးသည်
ဟူး သျှင်ဘုန်းစက်ဘဝကတော့မလွယ်ပါလားနော် ကုမဏီအလုပ်တွေလုပ်နေရာကနေဘဲ ဓာတ်ပုံဆရာစီဘဲ သွားသင်ရမလိုလိုဖြစ်နေပြီး...." အင်း...ကိုယ်ရိုက်ပေးမယ်နော် "
" ခရာ...ဒီနားလေးမှာ ရိုက်မယ်နော် နောက်က ရူခင်းကိုလဲ ပါအောင်ရိုက်ပေး "
" ရပြီ နောက်တစ်မျိုး..."
" ခရာ ထိုင်လိုက်အုံးမယ် ခန ထိုင်ပြီးအဝေးကို ငေးနေတဲ့ပုံလေးနော် ကိုကို "
" ရပြီ..."
" ကိုကို...ရိုက်ထားတဲ့ပုံတွေ ခရာကိုပြ "
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...