Part.46

1.1K 46 7
                                    

{ ကိုကိုရဲ့ အရူပ်ထုပ်လေး }
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမရာ စစ်ကိုင်းကားဂိတ်ကိုရောက်တော့ ဖွားတို့က လာကြိုကြလေရာ ကားပေါ်ကဆင်းဆင်းချင်းဘဲ ဖွားရင်ခွင်ထဲကို တိုးဝင်ကာချွဲနေလိုက်လေသည် ဖွားကတော့ သဘောတကျဖြင့် ရီမောကာ အမရာလာလည်တာကို ပျော်ရွှင်နေသည့် ဟန်ရှိ‌‌ နေလေသည်‌ ။ ကားစီးရတာ အနည်းငယ်ပင်ပန်းလာသည်မို့ ဖွားတို့အိမ်ရောက်ရင်ဘဲ ရေမိုးချိုးကာ အနားယူဖို့ ပြင်ဆင်နေလေရာ ဖွားတို့ ဦးငယ်တို့က အမရာ ခရီးပင်ပန်းလာတာကိုသိနေသည့် ‌ကြောင့် အမရာနေရမည့်အခန်းထဲသို့လိုက်ပို့ကာ အိမ်အောက်သို့ပြန်ဆင်းသွားကြပြီး အမရာ ကြိုက်တက်သည်များကို ပြင်ဆင်နေကြလေသည် ဖွားတို့စီမှာဆို အမရာကို ကလေးလေးတစ်ယောက်လိုပင် ဂရုတစိုက်ရှိကြသည်ကြောင့် အမရာ စိတ်ကိုလန်းဆန်းတက်ကြွစေလေသည်
-
-
-
-
-
နေထက်တစ်ယောက်သူခံစားချက်တွေကို သိရှိကာမှ ထွက်ပြေးသွားသည့် ချာတိတ်မလေးကို အမိဖမ်းရန် ချာတိတ်ကလေးရှိရာသို့သွားရန် ဂွင်ဆင်ရမည်လေ ဒါကြောင့် ငစက်ဆီကိုရောက်‌ရှိနေလေရာ ထိုအတွဲရဲ့ ပြသာနာကိုပါ ကိုယ်ကနားထောင်ပေးနေရသည်က အဆင်မပြေလှပါ တော်တော်ဆိုးတဲ့အတွဲပါဗျာ မချစ်တာလဲ မဟုတ်ဘဲနဲ့ကို သူတို့ရန်ဖြစ်တယ်ဆိုလို့ တစ်ခြားအကြောင်းမထင်နဲ့ဗျ....ကျွန်တော်ပြောပြမယ် ဖြစ်ပုံကဒီလိုဗျ.... နေထက် ငစက်ရုံးခန်းကိုရောက်ရောက်ချင်းဘဲ ခရာက စကားစလေသည်..

" လာပါအုံး ကိုကြီးနေထက်ရယ် အကိုသူငယ်ချင်းကိုလဲ ကြည့်ပြောပေးပါအုံး "

" ဟော...ဘာဖြစ်ကြတာလဲ မင်းတို့က ဟျောင့် ငစက် စူပုတ်မနေနဲ့ပြောအုံးလေကွာ ဒီကညီမလေး ခရာကလဲ စိတ်လျော့မှပေါ့  ကဲ အကိုကို ပြောပြကြ ဘာဖြစ်ကြသလဲဆိုတာ "

"ဒီလိုလေ အကိုရဲ့  ကိုကိုကလေခရာကိုလက်ထက်ဖို့ ခရာအိမ်ကိုပြောခိုင်းနေတာ "

" ‌ကောင်းတာဘဲလေ ညီမလေးတို့ကလဲ ကိုယ်ချစ်တဲ့လူနဲ့လက်ထက်ရတာကို ညီမလေးက မပျော်ဘူးလား "

" ‌အေးလေး ငါလဲ အဲ့ဒါဘဲ ပြောတာ ကိုထက်ရာ မင်းဘဲ စဉ်းစားကြည့် နောက်နှစ်လဆိုဘဲ ငါစင်ကာပူကို သွားရတော့မှာလေ ဒါ‌ကြောင့်ငါဖြစ်စေချင်တာက ငါတို့နှစ်ဖက်မိဘလုံးကို ဖွင့်ပြောပြီး တစ်ခါတည်းလက်ထက်သွားချင်တာကို ဒီကလေးပေါ့ လက်မခံဘူး "

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now