~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~" သျှင်ဘုန်းစက်တစ်ယောက် တံခါးမှ ဝင်လာချင်း သူမလေးက ပြေးလာ၍ သူအားအရှိန်ဖြင့်တိုက်ကာ နောက်လှန်ကျမည့်အချိန်တွင် သူမလေးအား ခါးမှလှမ်းဆွဲ၍ သူရင်ခွင်ထဲအားဆွဲသွင်းထားမိလေသည်.....သူမလေးနှင့် န်ီးနီးကပ်ကပ်ရှိရင်တောင်မှ လူက ရင်ခုန်နေသည်က ပေါက်ထွက်မည့်အလားပင် အခုလို အသားချင်းပင်ထိ၍ သူမလေးသူ့ရင်ခွင်ထဲရောက်နေသည်က အသက်ရူပင်မှားချင်လောက်၍ ပြန်မလွှတ်ချင်ဖြစ်နေသည်....ရင်ခွင်ထဲ၌ အောက်ကျမည်ကိုစိုး၍မျက်စိမှိတ်ထားသောသူမလေးအား အပေါ်မှ မိုးပြီးကြည့်နေရသည့်က အသဲယားစရာကောင်းလှသည်.......ထိုစဉ်...သူမလေးမှ မျက်စိဖွင့်လာ၍......
-
-
" ဟို...လူ ခင်ဗျာ ဖက်ထားတာလွှတ်အုံးလေဗျာ .."" ချာတိတ်ကလဲ....လွှတ်မှာပါကွာ....မင်းလေးအောက်ကျမှာစိုးလို့လဲ ဒီကလူကြီးက စေတနာများစွာနဲ့လှမ်းဖမ်းပေးထားတာကို မင်းလေးက ကျေးဇူးမတင်ဖင်လှန်ပြတော့မလုပ်နဲ့လေကွာ "
" ဒီမှာ....ခင်ဗျာနော်...ဘာစကားတွေပြောနေတာလဲ "
" ကိုယ်က မြန်မာစကားဘဲပြောနေတာလေကွာ ချာတိတ်ရ"
" ဟာ...ခင်ဗျာနော် လူကြီးဖြစ်ပြီး စကားကိုကတ်သတ်ပြောနေတာ "
" ဟင်...ဘယ်မှာလဲ...ကိုယ် ချာတိတ်နဲ့လည်း ကပ်မပြောရပါဘူးကွာ.....မင်းလေးကကပ်ပြောစေချင်ရင်လည်း ကိုယ်လာခဲ့မှာပေါ့ "
" တော်ပိတော်ပိ....ခရာ...ခင်ဗျာကြီးနဲ့စကားမပြောချင်တော့ဘူးသွားတော့မယ် ဟွန်း..."
ခရာလည်းသူအားမျက်စောင်းထိုး၍ ပန်းချယ်ရီတို့နားအားသွား၍ထိုင်နေသည်.....အခုလို ဟိုလူရင်ခွင်ထဲရောက်ရတာကဟိုငတိမလေးယောက်ကြောင့်ပင် သူတို့ခရာကိုစလို့သာခရာကလိုက်ထုရင်းနှင့် ချော်လဲခြင်းဖြစ်သည် တော်သေးတာပေါ့ ဟိုလူဖမ်းပေးထားလို့မဟုတ်ရင် ခရာပုံဆိုးပန်းဆိုးနဲ့အောက်သို့ကျမှာကိုမြင်ယောင်သေးတယ် ခရာကျပိလို့ထင်လိုက်ဒါနဲ့အတူမျက်စိအားစုံမှိတ်ထားစဉ် ခရာခါးအားတစ်စုံတစ်ယောက်ကလှမ်းဆွဲ၍သူရင်ခွင်ထဲအားဆွဲသွင်းလိုက်သည်...တစ်ခဏအတွင်းဖြစ်ပျက်သွားသည်မို့ခရာလည်းသတိလက်လွတ်ဖြင့် ထိုလူရင်ခွင်ထဲအားတစ်ခဏမှရှိနေလေသည်..ပိးမှခရာလည်းမှိတ်ထားသောမျက်လုံးတို့ကိုဖွင့်၍ တွေ့လိုက်ရသည်က ခရာအား အပေါ်မှ ပြုံးစိစိဖြင့်မိုးပိးကြည့်နေသည် သျှင်ဘုန်းစက်ဆိုသောထိုလူအားတွေ့လိုက်ရလေသည် ထိုလူရဲ့အကြည့်တွေမှာတင်လူကကျရူံးနေပါပိဆိုကာမှ အခုလိုသူရင်ခွင်ထဲရောက်သောအချိန်တွင် ခရာရင်ခွင်ငယ်က မြည်းတစ်ကောင် ကဆုန်ပေါက်သကဲ့သို့ဖြစ်နေ၍ စကားများပင်ထစ်နေခဲ့လေသည် ခရာလည်းရှက်ရမ်းရောရင်ခုန်တာရော ရောပိးလူကရင်တုန်ပန်းတုန်ဖြစ်နေစဉ်သူကခရာအားစနေသောကြောငိ့ လူကခုနာကျေးဇူးတင်ချင်စိတ်ပင်ပျောက်ကာ ဖြစ်သွားလေသည် ....ခရာထိုင်လိုက်သည်နှင့်ပင် သီဂ်ီစိုး
ခိုင်အမရာမီ ၊ နှင်းစက်နွေး ၊ ပန်းချယ်ရီ တို့လေးယောက်စလုံးက ပြုံးစိစိနှင့်ကြည့်နေကြသည်....ထိုအကြည့်တွေကို ခရာသိပါသည်လေ သူတို့ခရာကို တရားခံစစ်သလိုစစ်ကြတော့မယ်ဆိုတာ
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...