Part.40

2.4K 60 4
                                    


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သျှင်ဘုန်းစက်ချောင်းသာကပြန်လာပြီးနောက် အလုပ်အကြွေးများကို ဆပ်နေရ၍ အားလပ်ချိန်ပင်မရြှိဖစ်နေလေသည်....ကလေးငယ်လေးကိုလဲ သူမှာ အရင်ကလောက်အချိန်မပေးနိုင်ဖြစ်နေရကာ ကြည်နူးချိန်ပင်မရှိသဖြင့်စိတ်ညစ်နေရသည်က အမှန်ပင်....

" ဒေါက်...ဒေါက် "

" ဝင်လာခဲ့ပါ...."

" သူဌေး...နောက်တစ်နာရီဆို အစည်းအဝေးစပါတော့မယ်ဗျ အဲ့ဒါအခုချိန်သွားမှ မှီမှာမလို့ အဆင်သင့်ဖြစ်ပြီးလား လာမေးတာပါဗျ "

" အွန်း....သွားကြစို့လေ "

ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း သူခင်ဗျာမနားနိုင်ဘဲ နေ့ရောညပါမကျန်အလုပ်လုပ်နေရသည်က ကလေးငယ်ကိုအချိန်ပေးဖို့ပင်....အခုလုပ်မယ့် ပရောဂျက်ကိစ္စပြီးရင်တော့ သူလည်း ကလေးငယ်နဲ့အတူအပန်းဖြေရမည်...အခုတော့ အားတင်းပြီး အစည်းအဝေးအခန်းကို သွားရအုံးမည်ဖြစ်လေသည်

-
-
" အခုရက်ပိုင်းကိုကို ပရောဂျက်အသစ်ကိစ္စနဲ့အလုပ်ရူပ်နေသည်‌ကြောင့် ခရာကို အချိန်မပေးဖြစ်ပါ....ကိုကိုလို အလုပ်သရဲ ကြီးက ခရာကို အခုလို ဂရုစိုက်တာကိုပင် ခရာမှာ ပျော်မဆုံးဖြစ်နေလေသည်....သူများမိန်းကလေးတွေလိုတော့ အချိန်မပေးလို့ဘာညာတော့ ခရာ ပြသာနာမရှာချင်ပါ ဘာလ့ိုဆို ကိုကိုလဲ အလုပ်လုပ်နေရတာပင်ပန်းနေရသည်ကို ခရာ မြင်တွေ့နေသည်ဖြစ်၍ ကိုကို စိတ်ရူပ်အောင်မလုပ်ချင်ပါ...တကယ်တော့ ခရာကိုကို ကို အလုပ်ကိုလျော့လုပ်ဖို့ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်သည်‌ကြောင့် တားပါသော်လည်း ဒီကိုကိုတစ်ယောက်ကလေ အလုပ်နဲ့ပတ်သတ်ရင် ခရာ စကားကို နားမထောင်ဘူး.... တော်တော်ဆိုးတဲ့ကိုကို...!

" ခရာရေ...အောက်မှာ အမရာတို့ရောက်နေတယ် "

အိမ်အောက်ထပ်မှ တီတီမေ၏လှမ်းအော်သံ......

" လာပြီ...တီတီမေ "

ခရာလည်းအိမ်ယာပေါ်ကနေအမြန်ဆင်းကာပြေးလာသည်ကအောက်ထပ်ကိုပင်.......

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now