Part. 48

2.1K 35 3
                                    

<Unicode>
{ ကိုကိုရဲ့ အရူပ်ထုပ်လေး}
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ မနက်တော့ အမရာ အစောရီးနိုးနေတာနဲ့ ကိုယ်လက်သန့်စင်မူကို အရင်လုပ်ဆောင်ပြီး ပေါ့ပေါ့ပါးပါးဖြစ်မယ့် ချည်သားဂါဝန်လေးကိုဘဲ ဝတ်ဆင်လိုက်သည် ဆံနွယ်တွေကိုတော့ စုကာထုံးထားပြီး သနပ်ခါးလေးကို လိမ်းခြယ်လိုက်သည် ထို့နောက်တော့ မနက်စာပြင်ဆင်ရန် အမရာ အောက်သို့ဆင်းလာလေသည် မနေ့က အကိုကို စိတ်ဆိုးတာနဲ့ဘဲ ပြန်ရောက်ရောက်ချင်းညစာတောင်မစားတော့ဘဲ အဘွားတို့ကို နူတ်ဆက်ပြီးတာနဲ့အခန်းထဲအောင်နေချင်းဖြစ်သည် ထို့ကြောင့်အကို ဘယ်အခန်းမှာ အိပ်လဲ အမရာမသိသေးပါ  ဒီလူဟာလေ သူနဲ့ဝေးရာကို ပြေးပါတယ်ဆိုမှ သူက ကိုယ်နဲ့အနီးဆုံးမှာ ရောက်လာရတယ်လို့ ဒါက ဖူးစားဘဲ လား အမရာ မစဉ်းစားတက်တော့ဘူး အတွေးတွေကို ခဏဖျောက်ပြီး ဗိုက်ဆာတာကို အရင်ဆုံးဖျောက်ရမည်မဟုတ်လား မနက်စာကိုတော့ ပေါင်မုန့်ကြက်ဉ ကြော်နဲ့ ကော်ဖီ ပူပူလေး တစ်ခွက်သောက်မည်ဖြစ်တာကြောင့်စိတ်ကူးလေးနဲ့  ပေါင်မုန့်ထုတ်ကို သွားယူပြီး ကြက်ဉ နှစ်လုံးကိုဖောက်ကာမွှေထားလိုက်သည် ပြီးနောက် ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ကာ မွှေထားသောကြက်ဉပန်ကန်ထဲကို ပေါင်မုန့်တစ်ချက်အရင် နှစ်လိုက်ပြီး ဆီပူလာသော ဒယ်ထဲသို့ထည့်ကာ ကြော်လိုက်လေသည် အနည်းငယ် ရွှေအိုရောင်သမ်းလာသည်နဲ့ ဆယ်လိုက်ကာ အမရာ စားမည့် ပမာဏကို ကြော်ရင်းဖြင့် အကိုရော စားချင်မှာဘဲ ဆိုပြီး အကိုအတွက်ပါ မနက်စာပြင်ဆင်ပေးမိလေသည် အကုန်ကြော် ပြီးသည်နဲ့ ထိုကြော် ထားသော ပေါင်မုန့်ကြက်ဉလေးတွေ ပေါ်တွင် သကြားဖြူးကာထားလိုက်သည်ဆိုယုံဖြင့် စားချင်စရာလေးဖြစ်နေလေသည် အကိုက အချိုသိပ်မကြိုက်သည်ကြောင့် အကို ပန်ကန်ထဲတွင်တော့ သကြားကို အနည်းငယ်သာဖြူးထားလေသည် ပြင်ဆင်ပြီးသော ပန်ကန်နှစ်ခုကို ကြည့်ကာ အမရာပြုံးမိလေသည် ထို့နောက် ပန်ကန်နှစ်ခုကို ထမင်းစာပွဲပေါ်တွင် တင်ထားရန်နောက်သို့ လှည့်လိုက်သော အချိန်တွင် အမရာကို ကို ပြုံးစိစိဖြင့် ကြည့်ကာ သဘောတကျဖြင့်ဖြစ်နေသော အကိုကို တွေ့လိုက်ရလေရော့

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now