Part.8

2.4K 83 0
                                    

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ည 7နာရီလောက်တွင် ကိုလတ်က ခရာတို့အားလုံးအားကားဖြင့်လာခေါ်ကာ ခရာမေမေအား ခွင့်တောင်းသွားလေသည်...မေမေကလည်း သွားဖို့ခွင့်ပြုပိး ခရာအိမ်မှ အားလုံး Ligron King ဆိုသော Bar သို့ထွက်ခဲ့ကြလေသည်....
Bar သို့ရောက်သည်ဆိုလျှင် ကိုလတ်သီးသန့်ယူထားသောVip roomထဲသို့ ဝင်ထိုင်ကြပိး ကိုလတ်က ခဏပြန်လာခဲ့မယ်ဟုပြောကာ ထွက်သွားလေသည် ကိုလတ်ထွက်သွားသည်နှင့်  ကော့တေးခွက်များကိုင်ကာ  Cheerဟု‌အော်၍ အားလုံးခွက်တိုက်ကြကာ Djများဖွင့်၍ ကဲနေကြလေသည်....
-
-
အောင်ကောင်းခန့်တို့တစ်သိုက် Roomတံခါးကိုဖွင့်လိုက်ရချိန်တွင် တွေ့လိုက်ရသည်က သူကလေးနဲ့ခရာတို့တစ်သိုက်လုံး လက်ထဲမှာလည်းခွက်တွေနဲ့အတူ Dj ဖွင့်ပိး ကွေးနေအောင်ကနေကြတာကိုပင်....
  ပန်းချယ်ရီက ကိုလတ်နှင့်အတူသူသူငယ်ချင်းများအားတွေ့သည်နှင့် ခရာတို့အားလက်တို့ကာ အချက်ပြနေလေသည်..အချက်ပြနေသည်ကို မိခရာက ဂရုမစိုက်ဘဲ ဆက်ပိးတော့ကွေးနေအောင်ကနေလေပြန်သည်...သီဂီမအား လက်တို့ပြန်တော့လဲ သူက ဂရုမစိုက် ခွက်ထဲကကော့တေးလေးသောက်လိုက်ကလိုက်နဲ့ ..ခိုင်အမရာမီကတော့ ကိုလတ်ကိုမြင်သည်နှင့် ကနေတာကိုရပ်သွားပိ...နှင်းစက်နွေးတစ်ယောက်ကလဲ ဟိုနှစ်ယောက်နှင့်ရောကာ ကနေလေသည် ...ချယ်ရီနဲ့အမရာမီနှစ်ယောက်သားကတော့ ငတိမသုံးကောင် ကနေသည်အားကြည့်၍ ရီချင်စိတ်ကို မနည်းထိန်းထားရသည် ချယ်ရီတို့ရှေ့မှာရှိသော ကိုလတ်ကတော့ သီဂ်ီမအားကြည့်ကာ မျက်နှာက တငိးမာနေလေသည် ကျန်သည့်ကိုလတ်သူငယ်ချင်းများကတော့ ငတိမသုံးကောင်ကားကြည့်ပိး ပြုံးစိစိဖြင့်ကြည့်နေကြလေသည်...ထို့နောက်အားလုံးအခန်းထဲတွင်လာသည်နှင့် ကိုလတ်က djကိုပိတ်လိုက်၍ ငတိမ‌သုံးကောင်က ကိုလတ်တို့အားမြင်သည်နှင့်ကနေတာကို ရပ်သွားပိ ရှက်ရမ်းရမ်းကာ ခွက်များကို စားပွဲပေါ်တင်ထားခဲ့ပိး  သန့်စင်ခန်းသို့ နှငိးစက်နွေးနှငိ့အတူထွက်ခဲ့လေ...သီဂ်ီမ ကတော့ ကိုလတ်ကဆွဲခေါ်ထားသည့်မို့ အခန်းထဲ၌ပင် ကျန်ခဲ့လေသည်....
-
-
" သျှင်ဘုန်းစက်တစ်ယောက် တံခါးဖွင့်၍ မြင်လိုက်ရသည်ငရူပ်မလေးကနေသည်ကိုဖြစ်၍ ပြုံးကာ ချစ်စိတ်ဖြင့်ဖြစ်ပေါ်လာသော ရင်ခုန်သံက အတိုင်းအဆမသိစွာ ခုန်နေလေသည်...သူမလေးက သူအားမြင်သည့်ပုံမပေါ်သေးဘဲ ကနေသည်က ချစ်စရာကောင်းလှသည် အနက်ရောင် ဂျာကင်ကို အပေါ်ကဝတ်ထားပိ အောက်က ကိုယ်ကျပ်ဘောင်းဘီအားဝတ်ထားသည်က မြင်သူအဖို့...စွဲမက်ဖွယ်ကောင်းလှသည်..ကခုန်နေရင်ပေါ်လာသော ဗိုက်သားဖွေးဖွေးလေးတွေက သူအားအကြည့်မလွဲနိုင်အောင်ပင်ညို့ယူနိုင်စွမ်းရှိသည်....သူမလေးရဲ့ထိုအရာတွေကို သူတစ်ယောက်မြင်ချင်သည်ပိုင်ဆိုင်ချင်သည်ထိုအရာတွေက အချစ်စိတ်ကြောင့်ဖြစ်လျှင် သေချာသည် သူသည် သူမလေးအား နက်နက်ရိုင်းရိုင်းကို ချစ်မိနေလေသည်.
အခန်းထဲ၌ သူနဲ့အတူ ဟိုကောင်တွေပါရှိနေသောကြောင့် သူမလေးရဲ့အလှများကို မြင်ကြမည်စိုး၍ အောင်ကောင်းခန့်အား djသွား၍ ပိတ်ခိုင်းလိုက်ချင်းဖြစ်သည်...သီချင်းရပ်သည်နှင့် သူမလေးက သူအားမြင်ကာ ရှက်သွားသည်ဟန်နှင့်တူပါတယ် မျက်နှာလေးများရဲကာ သန့်စင်ခန်းဆိုပိးထွက်သွားလေသည်..
-
" ခရာလည်း djမြူးမြူးနှင့်ကကောင်း၍ ကနေရာ ပန်းချယ်ရီလက်တို့တာကိုဘဲ ဂရုမစိုက်ဘဲ ဆက်၍ကနေလေသည်..ထိုသို့ ဂရုစိုက်ဘဲ ကနေသည်က အခုတော့ခရာ ဟိုလူကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိပါ ...သျှင်ဘုန်းစက်ဆိုသော သူက ခရာအားစိုက်ကြည့်ပိး ပြုံးနေသည်က ခရာပိုရှက်ရသည် ..ရှက်ရှက်နှင့်သန့်စင်ခန်းဟူ၍ အကြောင်းပြကာ နှင်းစက်နွေးလက်အားဆွဲ၍ထွက်လာခဲ့လိုက်လေသည် ..သူနဲ့တွေ့လျှင်ကို အ မြဲခရာရှက်စရာတစ်ခုမဟုတ်တစ်ခုဖြစ်တက်သည်
ထိုလူစိုက်ကြည့်နေသည်ဖြင့် ခုန်လာသော ခရာနှလုံးသားလေး အားမသိချင်ယောင်ဆောင်ကာ အမြန်ပြေးထွက်လာရခြင်းဖြစ်သည် မဟုတ်လျှင် အဲ့နေရာမှာပင် ခုန်နေသည် ရင်ခုန်သံက တစ်ခန်းလုံးပင်ကြားနိုင်သည်...ထိုလူပြုံးလိုက်လျှင်ပေါ်လာသောသွားစွယ်နှစ်ဖက်က လူကိုပြုစားနိုင်သည်...သူဝတ်ထားသည်က All blackဖြစ်ပိး ခရာနှင့်အရောင်လာတူနေသည် မသိလျှင် coupleဝတ်လာကြသည်ဟူ၍ ထင်နိုင်သည်...
••••••••••••••••••••••••••••••••••••••••••••••••••••••
" သန့်စင်ခန်းမြှပန်လာပိး ကိုလတ်နှင့်အတူကိုလတ်သူငယ်ချင်းများကပါ ခရာတို့အား လက်ဆောင်တွေပေးကြလေသည်ခရီးကပြန်လာပိးသည်နှင့် ကိုလတ်သူငယ်ချင်းများနှင့်ပါရင်းနှီးနေကြပိး ဘော်ဒါလိုပင် ဖြစ်နေလေသည်...သူတို့ထဲက ကိုအာကာကျော်ဆိုတဲ့ တစ်ယောက်ကတော့ ပန်းချယ်ရီးအား ခိုးခိုးကြည့်နေသည်ကို ခရာသတိထားမိသည် ပန်းချယ်ရီကလည်းထိုနည်းတူစွာ ခိုးကြည့်နေလေသည်... သူတို့နှစ်ယောက်ကို‌ရေပြာအိုင်ကတည်းက တစ်ပူးပူးတစ်တွဲတွဲဖြစ်နေသည်ကို ခရာသတိထားမိပါသည် ထို့ကြောင့် ကိုအာကာကျော်နား ကပ်ကာ အဲ့လောက်မကြည့်နဲ့ကိုကြီးမျက်လုံးကြီးကျွတ်ပါသွားအုံးမယ် ဟူ၍ နားနားကပ်ကာတိုးတိုးလေးပြောလိုက်လေသည်....
-
သျှင်ဘုန်းစက်တစ်ယောက် ငရူပ်ကလေးက အာကာကျော်နားနားကပ်ကာဘာတွေပြောနေမှန်းမသိပေမယ့်သူမလေးနဲ့  ဘယ်ယောကျာ်းလေးမှရင်းရင်းနှီးနှီးနေသည်ကို သဘောမကျပါ  ထို့ကြောင့်အာကာကျော်နဲ့သူမလေးရဲ့ ကြားအတင်းဝင်ထိုင်ကာ အာကာကျော်အားသူကြိုက်နေသည့်ကောင်မလေးဘေးတွန်းပို့ကာ သူကတော့ ခရာနားကပ်ထိုင်နေလေသည်..ထိုဖြင့် အောင်ကောင်းခန့်တို့‌ယောကျာ်‌လေးတစ်စုရဲ့ဘာသဘောဟုဆိုသောအကြည့်ဖြင့် အချင်းချင်းမျက်စိဖြင့်စကားပြောနေကြလေသည်....
" ခွန်းနေထက်"
ညီမလေးတို့ ခဏနေခဲ့ကြဦးနော် အကိုတို့စားစရာတွေသွားယူလာပေးမယ့်

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now