{ ကိုကိုရဲ့ အရူပ်ထုပ်လေး }
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငစက်တို့ဆီရောက်တော့ ချာတိတ်မက မျက်နှာမကောင်းဘဲ ကားပေါ်က ဆင်းသွားသည်ကို နေစက်သတိထားမိလေသည် ဒါကဘာဖြစ်တာလဲ သူကို စိတ်ဆိုးနေသည်လား ဒါမဟုတ် ဟိုနေ့က ကော်ဖီဆိုင်က ကိစ္စကိုဘဲ သူမက အထင်လွဲသွားသည်လား အထင်လွဲရအောင်လဲ သူကားပေါ်မှာ သူမလေးအထင်မလွဲအောင်သေချာရှင်းပြခဲ့သည်မဟုတ်လား ဟူး ဘာတွေဖြစ်နေတာလဲကွာ ခံစားချက်ကြီးက တစ်ယောက်ထဲ အတွေးများဖြင့် ကားရှေ့တွင် စိတ်ရူပ်စွာ ရပ်နေမိလေသည်
"တီးတောင်...တီတောင်...တီတောင် "
တံခါးစီမှ ဘဲလ်တီးသံကြားသည်မို့ခရာ အမရာတို့လာမှန်းသိလိုက်သည်လေ ဒီနေ့ ကိုကိုသူငယ်ချင်းတွေနဲ့ ခရာတို့ ချင်းဂုတွေက ကိုကိုနေမကောင်းလို့ ကိုကိုစီလာ၍ သတင်းလာမေးရင်း မုန့်လုပ်စားကြရန်ဖြစ်သည် ထို့ကြောင့် ခရာလဲ မီးဖိုခန်းတွင် လုပ်လက်စ အလုပ်များကို ချထားကာ တံခါးဖွင့်ပေးရန်လာလိုက်လေသည်.....
" အမလေး....ခရာရယ် ကြာလိုက်တာ ဘာတွေများ လုပ်နေလဲ "
မကျေနပ်စွာ စကားဆိုလိုက်သည်က နှင်းစက်နွေးပင်....
" မိနွေးမရယ်....နင်ဟာလေ ငါကို ပြောဖို့ကြည့်ဘဲ သိလား နင်တို့လာရင် စားဖို့ အာလူးကပ်သလိပ် လုပ်ကျွေးမလို့ ပြင်နေလို့ကြာနေတာပါနော် "
" မသိဘူးလေဟယ်...ငါတို့ ထင်တာက အဟင်း...အဟင်း "
စပ်ဖြဲဖြဲဖြင့် ထုချင်စရာကောင်းအောင်စနေသော သူငယ်ချင်းမအား ပြောစရာကုန်အောင်လက်လန်ပါဘိ တကယ်လည်းမှောင်နိုင်လွန်းတယ် အတွေးတွေက ဟွန်း မပြောလိုက်ချင်ဘူး .....
" ဒါနဲ့ ကိုစက်ကရော....."
တိတ်ဆိတ်၍မျက်နှာမကောင်းစွာ မေးလာသည်က အမရာပင်
" ကိုကိုက...ခနအိပ်နေတယ် လာကြလေ နင်တို့က အိမ်ထဲမဝင်ကြတော့ဘူးလား "
" အဟီး...ဟုသား မိခရာကို ပြောချင်နေတာနဲ့ဘဲ အိမ်ထဲဝင်ဖို့ မေ့နေတယ် "
" ဖြစ်ရမယ် ....မိနွေးမ နင်ကလေ...."
ကိုကိုသူငယ်ချင်းတွေပါလာမည်ပြော၍ အခုက မိနွေး ရယ် ပန်းချယ်ရီနဲ့ အမရာတို့သာ အရင်ဝင်လာသည်မို့.....
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...