Part .36

1.8K 52 10
                                    


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရာအိပ်ယာကနိုးလာတော့ ကိုကိုက ခရာဘေးနားမရှိတော့သည်မို့ အခန်းထဲမျက်စိဝေ့ကာ ရှာမိလေသည်။ ကိုကိုတစ်ယောက်အပြင်ထွက်သွားသည်ဖြစ်ဟန်တူသည်ဖြစ်၍ ခရာလည်းအိပ်ယာမှထကာ သန့်စင်ခန်းသို့ဝင်ပြီး နေ့တစ်နေ့ရဲ့အစ တစ်ကိုယ်ရည်သန့်ရှင်းချင်းမှစတင်လေသည်၊ ရေချိုးသန့်စင်ပြီးသည်နှင့် ပါလာသော lotion နှင့် suncream ကို ခန္ဓာကိုယ်အနှံ့လိမ်းလိုက်လေသည် လိမ်းပြီးသည်နှင့် ကိုကိုကရောက်လာသည်မို့......

" ကလေးငယ်....နိုးနေတာကြာပြီးလား "

" ခရာ...ရေတောင်ချိုးပြီးသွားပြီး ကိုကို ဘယ်ကိုသွားနေတာလဲ "

" မနက်စာ ဘာတွေရလဲ တစ်ချက်သွားလေ့လာကြည့်နေတာလေ ကလေးငယ်ရဲ့ "

" တစ်ခြားလူတွေရော ဟင် ကိုကို ...."

" သူတို့..အခန်းတွေမှာ ရှိမှာပေါ့ ကိုကိုက ဘယ်သိမှာလဲ ကိုကိုသိတာ ကလေးငယ်ဘဲ ရှိတာ "

ကိုကိုကပြုံးရွှင်စွာပြောပြီးသည်နှင့် ခရာနူတ်ခမ်းလေးအားတစ်ချက်လာနမ်းလေသည်.....

" အဲ့ဆို...ခရာ အဝတ်အစားလဲပြီးရင် ဟို‌နှစ်ကောင်ကိုသွားနိုးလိုက်အုံးမယ်နော် ကိုကို ၊ မနက်စာ စားရအောင်လို့ ကိုကိုက ကျန်တဲ့လူတွေကို လိုက်နိုးလိုက်တော့ "

" သခင်မလေး....အမိန်တော်မြတ်အတိုင်းပါဘဲ ခင်ဗျာ "

ကိုကိုက ဒူးနှစ်ဖက်အားညွှန်ကာကွေး‌ပြီး လက်တစ်ဖက်က ခါး၌ ပိုက်၍ ကျန်တစ်ဖက်က ရှေ့ကို ထုတ်ကာ ဦးညွှတ်သည့်ပုံစံဖြင့် ခရာအားစနေလေသည်...ဒီကိုကိုကတော့ အရင်ကလိုတည်ငြိမ်ပြီးအလုပ်ဘဲသိတဲ့သျှင်ဘုန်းစက်မဟုတ်တော့ဘဲ ခရာနဲ့ပေါင်းပြီး ပေါတောတောနဲ့ သျှင်ဘုန်းစက်သာဖြစ်တော့သည်...ခရာပြောပြီးသည်နှင့်ကိုကိုက အတွဲနှစ်တွဲကို ဖုန်းဆက်ကာနိုးပြီး ကိုကောင်းထက်နှင့် ကိုနေထက်စီကိုတော့ သူကိုယ်တိုင်သွားနိုးလေသည်...ခရာလည်း ကိုကိုထွက်သွားသည်နှင့် အဖြူရောင်  crop topကို ဂျင်းဘောင်ဘီအတိုလေးဖြင့်တွဲဖက်ဝတ်ဆင်လိုက်ပြီး ငတိမနှစ်ကောင်စီ ထွက်လာခဲ့လိုက်လေသည်....

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now