~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ကလေးငယ်......! ဒါဘယ်သူလဲ .....!"ကိုကိုက ရှေ့မှာရှိသောအကိုရှင်းသန့်အားမေးငေါ့ပြ၍ခရာအားမေးကာ.........
" အကိုရှင်းသန့်က ခရာတိုဆယ်တန်းတုန်းကသင်ပေးတဲ့ဂိုက်ဆရာလေ ကိုကိုရဲ့ "
" Aww....."
ဟုသာကိုကိုကတစ်လုံးထဲဖြေပြီးခရာအားမစောင့်ဘဲထွက်သွားကာ ခရာမှာလည်း အကိုရှင်းသန့်အား အားနာနာဖြင့်
" အကိုရှင်းသန့် ခရာကို သွားခွင့်ပြုပါအုံးနော် "
" အင်း..အင်း "
အကိုရှင်းသန့်စကားပင် ခရာမှာဆုံးအောင်နားမထောင်နိုင်ပါ ခရာအားမစောင့်ဘဲထွက်သွားသောကိုကိုနောက်အားအမှီလိုက်ရလေသည် ဒီကိုကိုတစ်ယောက်ကလေ အခုမှဘာထဖြစ်တယ်မသိပါဘူး ခုနာကအကောင်းကြီးပါ ငါဘာများလုပ်မိလို့ပါလိမ့် တစ်လမ်းလုံးတွေး၍လာကာ ကားဆီကိုပင်ရောက်လာလေသည် ခရာလဲ ကားနားသို့ရောက်သည်နှင့်ကိုကိုက ကားထဲသို့ဝင်ကာ ထိုင်နေလေသည်......
" ကိုကို....ကိုကိုရေ..ကိုကိုလို့ "
" အွန်း... "
ထိုသို့သာပြော၍ ကိုကိုမျက်နှာကတင်းမာနေကာရှိသည်
" ကိုကို ဘာဖြစ်နာလဲဟင်လို့ ..."
သူမလေးကချွဲနွဲ့စွာသူပခုံးအားမှီ၍ ပြောလာလေသည်......
" ဘာမှမဖြစ်ဘူး...."
ကိုကိုက ဘာမှမဖြစ်ဘူးသာပြောတယ် မျက်နှာကအနည်းငယ်တင်းမာနေသည်ရှိသည်မို့ ခရာမှာလည်း ......
" ဘာမှမဖြစ်ရင် ပြုံးပြလေနော် ခရာကို "
" ကျစ်...! ကလေးငယ်ကကွာ ကိုကိုက စိတ်ဆိုးနေတာလေ ချော့မယ်မရှိဘူး လူဆိုးမလေး "
" ခရာမှမသိတာကို...ကိုကိုက ဘာလို့စိတ်ဆိုးနေတာလဲ ခရာကို "
ဟူး ဒီကလေးငယ်တစ်ယောက်နဲ့တော့သူရူးတော့မှာဘဲဒီလူကြီးကသူမလေးကိုသဝန်တိုနေတာကိုသူမလေးကမသိတာလား.......
" ကလေးငယ်လက်ကိုတစ်ခြားလူကိုင်နေတာကို ကိုကိုက ထိုင်ကြည့်နေရမှာလား ပိးတော့ကလေးငယ်ကဘာလို့ပြုံးပြနေရတာလဲတစ်ခြားယောကျာ်းရှေ့မှာ ကိုကိုက သဝန်တိုတယ်ဗျ မကြိုက်ဘူးသိပြီလား လူဆိုးမလေး"
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...