~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဒေါက်....ဒေါက်...ဒေါက်.."
တံခါးခေါက်သံကြားသည်နှင့်ခရာလည်း ညည်းနေရာမှအလန့်တကြားဖြင့် ကိုကိုရင်ခွင်ထဲမှ ခုန်ထွက်ကာဘေးဘက်သို့အလျှင်အမြန်သွား၍ အကျီချိတ်များအားပြန်တပ်ကာ နေလိုက်သည် ကိုကိုတစ်ယောက်ကတော့....တံခါးခေါက်တဲ့လူကြောင့် feelပျက်သွာကာ မျက်နှာကမူန်ကုပ်နေလေသည်
" ဝင်လာခဲ့..."
" သူဌေးမှာထားတဲ့ ဟာတွေလာပို့တာပါဗျ "
" ဟုတ်ပြီ....စာပွဲပေါ်တင်ထားခဲ့လိုက် နောက်ပြီး ငါရုံးခန်းစီကိုဘယ်သူမှတံခါးလာမခေါက်ဖို့ပြောခဲ့ အရေးကြီးကိစ္စရှိရင် အောင်ကောင်းခန့်စီ လွှတ်လိုက် "
" ဟုတ်ကဲ့ပါ...သူဌေး "
ဝန်ထမ်းလေးထွက်သွားသည်နှင့်ကိုကိုက ခရာဘက်လှည့်ကာ.....
" လုပ်ငန်းပြန်စကြမလား....ကလေးငယ် "
ခပ်တည်တည်ဖြင့်ကိုကိုကဆိုလိုက်တာကြောင့် ကိုကိုပုံစံကိုကြည့်ပြီးခရာမှာ ရယ်မိလေသည်
" တော်ပြီ...ကိုကိုလူယုတ်မာ ခရာမုန့်စားတော့မယ် "
" ကဲပါဗျာ....ကလေးငယ် သဘောပါဘဲ "
ကိုကိုကခရာအားပြောပြီးသည်နှင့်အာလူကြော်အားဖောက်ကာပေးပြီး အချိုရည်ကိုလဲ သူကိုယ်တိုင်ဖောက်ကာ ခရာရှေ့သို့ ချပေးလေသည်
" အဲ့လိုတွေကြောင့်....ကိုကို ကို ချစ်နေရတာ...မွ "
ကလေးငယ်ကအာလူကြော်ကားဝါးကာစားနေရင်းမှအချိရည်အားမော့သောက်လိုက်ပြီး သူပါးအားဖွဖွလေးလာနမ်းလိုက်လျှင်ဖြင့်....
" ကလေးငယ်လေး မစနဲ့နော် ကိုကိုထိန်းမှာမဟုတ်ဘူးဗျ "
" ဟီး...တော်ပြီ ခရာဘာသာဘဲနေတော့မယ် "
ကလေးငယ်က သူအားပြောင်စပ်စပ်လေးဖြင့်ပြောလာပြီး ဆိုဖာဘေးဘက်သို့ အနည်းငယ်တိုးသွားတာကြောင့် သူမှာမသိမသာပြုံးမိလေသည်....ဒီကလေးပေါက်စက တကယ် သူကိုကြောက်နေတာထင်တယ်....ကလေးငယ်နှင့်နှစ်ယောက်အတူရုံးခန်းထဲတွင်ဘဲ အချိန်ကုန်ခဲ့ကာ အရင်နေ့တွေတုန်းက လွမ်းခဲ့ရသည့်ဒီကလေးပေါက်စကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားပြီး သူမှာ ကလေးငယ် ပြောသမျှ ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် နားထောင်နေရသည်....ကလေးငယ်လေးကတော့သူနဲ့မတွေ့ရတဲ့ရက်တွေမှာ ဘာကဘယ်လိုဖြစ်သွားတယ်သူဘာတွေစားခဲ့တယ် သူကိုဘယ်လောက်လွမ်းနေရတယ် စာတွေကဘယ်လိုခက်တယ်ဆိုတာ အသေးအဖွဲကအစပြောပြနေသည့်ကလေးငယ်ပေါက်စကို ကြည့်ကာ စက်တစ်ယောက်ကြည်နူးနေရပါသည်လေ။
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...