~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ခိုင်အမရာမီ
" ဟဲ့...မိခရာရဲ့ အဲ့ဒါဝဋ်ကြွေးမဟုတ်ဘူးဟ...ဖူးစာဟဲ့ ဖူးစာ"သီဂီစိုး
" ဟုတယ်မိခရာရဲ့ ....အဲ့ဒါနိတို့ ဖူးစာပါလို့ဘဲ နေမှာ ဒီလောက်တိုက်ဆိုင်နေတာ"" မဖြစ်နိုငိပါဘူး နိတို့ကလဲ " အပြင်တွင်သာ ထိုစကားထွက်ပေမယ့် ခရာရင်ထဲမှာတော့ နိတို့ပြောတဲ့ ဖူးစာပါပါစေလို့ဘဲ မျော်လင့်ပါတယ် ဟု စိတ်ထဲတွင်တော့ ကျိတ်ဆုတောင်းလျက် အမှန်ပြောရလျှငိ ထိုလူသားအချစ်ကို ရချင်မိပါရဲ့....
နှင်းစက်နွေး
" အမလေး မိခရာနော် မဖြစ်နိုင်ပါဘူးဆိုတော့ ဖြစ်နိုင်ရင်ဖြစ်ချင်တယ်ပေါ့လေ"" နိတို့ကလဲနော် ...ငါက ဒီတိုင်းလေးဘဲစကားအဖြစ်ပြောလိုက်တာကို ဟွန်း "ဟု ခရာလည်း သူတို့လေးယောက်အား မျက်စောင်းထိုးကာပြောလိုက်လေသည်
ပန်းချယ်ရီ
" ခရာရယ် နင်သာ နဂါးဆို ငါတို့လေးယောက်လဲ ပြာဖြစ်နေလောက်ပိသိလား"သီဂ်ီစိုး
"အေးလေ...ဒါလေးပြောတာကို ထိုးလိုက်တဲ့မျက်စောင်း
ခရာနော် မရိုးသားတော့ဘူး"" နိတို့...ထပ်စနေမှာဆို ပြန်ပိဟာ "ဟုပြောကာ ခရာလည်း ရှက်ရမ်းရမ်းပိး ငတိမလေးယောက်အားစိတ်ဆိုးချင်ယောင်ဆောင်ကာ မုန့်လည်းမစားချင်တော့သည်မို့ အိမ်သို့ပင်ပြန်ခဲ့လိုက်လေတော့သည်.....!
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
" နောက်တစ်နေ့မနက်...."
ခရာ ဧည့်ခန်း၌ ဖုန်းထိုင်သုံးနေစဉ်....မေမေရောက်လာ၍
" ခရာ..မေမေကို ဒီရွှေတစ်ဆင်ဆာကို အန်တီမြတ်တို့အိမ်သွားပို့ပေးပါဦး"
" မေမေကလဲ...ခရာမသွားချင်ပါဘူး...မေမေဘဲသွားလိုက်လေနော်"
" ကျုပ်မအားလို့...ညည်းကိုလွှတ်တာပေါ့အေ ..မအေကဒါလေးလုပ်ခိုင်းတာကို အတွန့်မတက်နဲ့နော် မိခရာ သွားဆိုသွားလိုက်"
" ဟုတ် " ဟုခရာလည်း ပြန်ဖြေလိုက်ရသည်.မေမေက ကျုပ်တွေ ညည်းတွေတို့ သုံးနူန်းလျှင် သေချာသည် ခရာအား စိတ်တိုနေသည်ဆိုတာ သာမန်အချိန်ဆို မိခရာ ခရာလို့သာ သုံးနူန်းတက်ပိး စိတ်ဆိုးစိတ်တိုရင်တော့ ညည်းတွေကျုပ်တ္ဖဖြေစ်သွားရော အဲ့ဒါကြောင့်ခရာလည်း ဟုတ် ဟုသာဖြေလိုက်ရသည်...တစ်ခြားသူဆိုရင် ခရာသွားပို့ရမှာဘာမှမဖြစ်ပါဘူး ခါတိုင်းမေမေ မအားလျှင် ခရာဘဲ ကူနေကျပါ သို့ပေမယ့် အခုဟာက ဟိုလူရဲ့ အိမ်ဖြစ်သည်မို့ သွားပို့ရမှာတွန့်ဆုတ်နေမိသည်...မေမေ အမိန့်မှမလွန်ဆန်နိုင်တာ သွားရမှာဘဲလေ ဟူး
ချစ်တာတော့ချစ်သည်...သို့ပေမယ့် တွေ့ရမှာတော့ကြောက်ပါသည် သူနှင့်တွေ့လျှင်ကို အလွဲလွဲအချော်ချော်ဖြစ်လွန်းလို့ ပါအရှင်ဘုရား သျှင်းဘုန်းစက်ဆိုတဲ့လူ သူအိမ်မရှိပါစေနဲ့ဘုရား...
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...