~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"နံနက်မိုးလင်းတာနဲ့ ခရာတို့အုပ်စု မနက်စာစားကာ ရွာငံအနီးတွင်ရှိသော တောကျယ်ရေတံခွန်ဘက်သို့ သွားဖြစ်သည်...
ထိုရေတံခွန်လေးက လူသူအရောက်အပေါက်နည်းပိး အေးဆေးသဘာဝအတိုင်း တည်ရှိနေတာကိုက စိတ်ကိုလန်းဆန်းစေကာ တောတွင်းသွား အတွေ့အကြုံ တစ်ခုကိုပါ ခရာတို့အားရစေသည်....ကားပေါ်၌အသင့်ပါလာသော စားစရာသောက်စရာများကို ကိုလတ်တို့က နေရာချကာ ခရာတို့မိန်းကလေးတွေကတော့ ရေဆော့ရန် ရေတံခွန်ဘက်သို့ ရောက်နှင့်နေပြီဖြစ်သည်.....
-
"အာကာကျော်"
"ဟျောင့်တွေ.....ငါတို့လဲ ရေထဲဆင်းရအောင်ကွာ....."
"အောင်ကောင်းခန့်"
" နေပါဦး မင်းကလဲကွာ...ကားပေါ်ကစားစရာတွေကိုအရင်နေရာချရအောင်လေ"
"ခွန်းနေထက်"
" အေးဆေးပေါ့...မင်းကလည်း ကလေးတွေအရင်ဆော့ပါစေဦး"
-
-
" ခရာတို့အဖွဲ့ကတော့ ရေဆော့လိုက်၊မုန့်စားလိုက်နဲ့အဆင် ပြေနေပိး ကိုလတ်တို့ကတော့ ကျောက်ဆောင်ပေါ်ထိုင်ကာ အသင့်ပါလာသော ဘီယာဗူးများအားသောက်နေကြလေသည်....🍺🍺
-
-
"သျှင်ဘုန်းစက်တစ်ယောက် ငရူပ်မလေးအားကြည့်ကာ မျက်စိနောက်နေလေရဲ့...ဒီနေ့သူမဝတ်ထားသည်က အကျီခါတိုကိုမှပေါင်လည်လောက်ရှိသောဘောင်းဘီနဲ့ဖြစ်ပိး ဆံနွယ်များကိုတော့ စုကာထုံးထားသည်မှာ သူမမျက်နှာလေးအားရှင်းလင်းစွာမြင်ရစေသည်.....ထိုငရူပ်မလေးက သူ့အားမြင်လျှင်ပင် မျက်စောင်းထိုးကာမသိချင်ယောင်ဆောင်၍ ထွက်သွားတက်သည် .......!
••••••••••••••••••••••••••••••••••••••••••••••••••••••
"ခွန်းနေထက်တို့အုပ်စုလဲရေထဲဆင်းကာ ကလေးတွေနဲ့အတူ ရေဆော့နေလေသည်.....ထိုထဲတွင်တော့ သျှင်ဘုန်းစက်တစ်ယောက်မပါပါ....သူကတော့ အေးဆေးကျောက်ဆောင်ပေါ်တွင်သာ ထိုင်၍ သဘာဝအရသာကိုခံစားနေလေသည်......
-
-
"ခရာသည် ရေဆော့နေရင်း ရူးရူးပေါက်ချင်လာသည်မို့တစ်ယောက်ထဲ သန့်စင်ခန်းရှိရာသို့ထွက်လာခဲ့လိုက်လေသည်....
-
" သျှင်ဘုန်းစက်တစ်ယောက် ထိုငတိမလေးတစ်ယောက်ထဲထွက်လာသည်ကိုမြင်၍ ဟိုနေ့ကကိစ္စအားရှင်းရန် ထိုငတိမလေးနှင့်မလှမ်းမကမ်းမှ ကပ်၍လိုက်လာလေသည်........
-
-
-
"ခရာလည်း အပေါ့သွားပိးပိဖြစ်၍ သန့်စဉ်ခန်းမှထွက်လာစဉ်တွေ့လိုက်ရသည်ကာ ဟိုလူဖြစ်သည်.....သူက သန့်စင်ခန်း၏မလှမ်းမကမ်းတွင် ရှိနေပိး တစ်ယောက်ယောက်အားစောင့်နေဟန်ဖြင့် ရပ်နေလေသည်...ခရာလဲ သန့်စင်ခန်းမှထွက်ကာ သူအား မမြင်ချင်ယောင်ဆောင်၍သွားမည့်အလုပ်တွင် ခရာလက်အားသူလည်လှမ်း၍ဆွဲထားလိုက်လေတော့သည်.
-
-
" အား....ရှင်ဘာလုပ်တာလဲ"
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romans<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...