~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့သောတစ်နာရီခန့်က.......အောင်ကောင်းခန့်၊ ခွန်းနေထက်တို့နှင့်အတူနောက်လုပ်မယ့် projectအကြောင်းကိုဆွေးနွေးနေစဉ် ကောင်းထက်မိုးစီမှဖုန်းလာသည်ကြောင့်သူမှာအထူးအဆန်းဖြစ်ရသည်.....ဒီကောင်ဘာကိစ္စရှိလို့လဲမသိဘူး....ဒီအချိန်ကြီးဖုန်းမခေါ်ဖူးပါဘူး....ဘာဖြစ်တာလဲသိချင်တာနဲ့ဘဲ project ကိစ္စအားခနရပ်ကာ ဖုန်းကိုင်လိုက်လေသည်........
" အေး....ကောင်းထက်ဘာဖြစ်လို့လဲ "
" ငါမေးမလို့....မင်းတို့ကောင်မလေးတွေနဲ့ပြသာနာတက်ထားသေးလား "
" ဘာလို့လဲ....မတက်ပါဘူးကွာ "
" မသိဘူးလေ ......မင်းချာတိတ်တို့တစ်ဖွဲ့လုံးclubမှာတွေ့ကြလို့မေးကြည့်တာ "
" ဘာ......! "
" ဖြေးဖြေးအော်ပါကွာ....ငါနားလည်းကန်းကုန်အုံးမယ် "
" မင်းနားကန်းလည်းနောက်မှကန်းဟျောင့် .... Club location ပို့လိုက်အခု "
" အေးအေး....ပြောပြမိတဲ့ငါအမှား ဒါဘဲငနဲသားရေ "
ကောင်းထက်မိုးဖုန်းချသွားသည်နှင့်နေထက်နဲ့ကောင်းခန့်ကဘာဖြစ်တာလဲဆိုသည်နှင့်ကြည့်နေကြကာ သူတို့ကိုပြန်ဖြေဖို့ထက် စိတ်က ကလေးငယ်စီရောက်နေတာမို အပေါ်လက်ရှည်အားဆွဲယူကာ ကားစီသို့အမြန်သွားရလေသည် တော်သေးတာပေါ့ သူဒီနေ့အလုပ်အကြောင်းဆွေးနွေးစရာရှိနေတာနဲ့ဘဲ အိမ်မပြန်ဘဲ သူကွန်ဒိုမှာဖြစ်လို့သာဘဲ မဟုတ်ရင်တော့ အပြင်ပြန်ထွက်ဖို့မေမေတို့ကိုပြောနေရအုံးမှာ.....ကားပေါ်ရောက်သည်နှင့်နေထက်နဲ့ကောင်းခန့်ကပါအပြေးအလွှားနဲ့ပါလာကြကာ ကောင်းထက်ဆီမှမက်ဆေ့ရသောကြောင့်ထိုနေရာသို့ထွက်ခဲ့လေသည်.......
-
-
-
သျှင်ဘုန်းစက်တစ်ယောက် ကောင်းထက်နှင့်ဖုန်းပြောပိးကတည်းက ဂနာမငြိမ်ဖြစ်ကာနေလေသည် ..... ငနဲသားကိုကြည့်နေတုန်းမှာဘဲ အလောတကြီးနဲ့အပြင်ထွက်သွားသည်ကြောင့် သူနဲ့နေထက်မှာ စက်နောက်လိုက်ရသည်လေ ကားပေါ်ရောက်သည်အထိဘာဖြစ်နေမှန်းလဲ မသိသလို အခုဘယ်သွားနေမှန်းလဲမသိပါ.....ယောင်လည်လည်နှင့်သာ ကားပေါ်ပါလာခဲ့ရသည်.....
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...