~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တက္ကသိုလ်စတက်ရမည့် ပထမနေ့လေးက ခရာအတွက်ရင်ခုန်ဖို့ကောင်းနေလေသည် ငယ်စဉ်အချိန်ကတည်းက မျှော်လင့်ခဲ့ရသည်က တက္ကသိုလ်ကျောင်းသူဘဝကို လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားကြည့်ချင်တာပင်.....တက္ကသိုလ်ကျောင်းကြီးကို ပထမဆုံးခြေချရမည့်နေ့ဆိုတော့ ခရာအလှဆုံးပြင်သွားရရန်လိုသည် ထို့ကြောင့် အရင်လက ကိုကိုနဲ့အတူသွားဝယ်ခဲ့သော Bumera Dressတွေထဲမှ ပိုးသားဗြောင်ကို လက်ရှည်ချုပ်ထားသော ကြက်သွေးရောင် အကျီးလေးကိုရွေးလိုက်သည်.....ဖိနပ်ကိုတော့ဖန်ဒေါက်လေးကိုစီးကာ ဆံနွယ်များကိုတော့ ဒီတိုင်းဘဲချထားလိုက်လေသည်အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့အောက်ကိုဆင်ကာ.........."သမီးခရာ .....ဆင်းလာပြီဆိုလဲ မနက်စာစားသွားအုံး "
" မစားတော့ဘူးမာမီ....ကျောင်းရောက်မှဘဲ သမီးစားလိုက်တော့မယ် နွေးတို့နဲ့ချိန်းထားလို့ "
" ဟုတ်ပြီ....ဟုတ်ပြီ မုန့်ဖိုးက ကုန်သွားပြီးလား လိုသေးလား သမီးငယ် "
" ခရာရှိပါသေးတယ် မာမီရဲ့ မနေ့ကမှ ကိုကိုဘုန်းပေးထားတာ "
" ကျောင်းကိုဘာနဲ့သွားမှာလဲ ကိုကိုဘုန်းလိုက်ပို့ခိုင်းလိုက်ရမလား "
" ဟုတ်သားဘဲ ခရာရဲ့ ကိုကိုလိုက်ပို့မယ်လေ ......"
" ရတယ်...ကိုကိုဘုန်း ခရာသူငယ်ချင်းတွေလာခေါ်မှာမို့ "
" ကဲ....ဟုတ်ပါပြီဗျာ "
" မေမေအဲ့ဆိုခရာသွားပြီနော် ......."
ဒီနေ့ကို ကိုကိုက သူလိုက်ပို့ပါမယ်လို့ခရာကိုပြောတာကြောင့် ခရာမှာသူစကားအားမလွန်ဆန်နိုင်ပါ.....ငတိမတေ်ွနဲ့အတူတူသွားမလို့ပြောပြန်တော့လဲ သူတို့ပါခေါ်ခဲ့တဲ့လေ ဒီကိုကိုကလေဘာဖြစ်ချင်နေမှန်းကိုမသိဘူး......ကိုကိုအား စိတ်ထဲ၌အပြစ်တင်နေရင်းနဲ့ဘဲ လမ်းလျှောက်လာတာ အိမ်ရှေ့သို့ရောက်မှန်းမသိရောက်သွားလေသည်.....အိမ်ရှေ့သို့ရောက်သည်နှင့်ကိုကိုကားအားတွေ့ကာ ကိုကိုကကားတံခါးအားဖွင့်ပေးထားသည့်ကြောင့် ကားထဲသို့ဝင်ထိုင်လိုက်လေသည်
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romans<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...