Part.33

1.9K 57 8
                                    


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"နှစ်ဝက်စာမေးပွဲလဲပြီးသွားပြီဆိုတော့ ခရာလည်းအေးအေးဆေးဆေးဖြစ်သွားကာ အပူအပင်မရှိနဲ့ကိုကိုနား ကပ်လို့ရပြီလေ.....သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းမယ်ဆိုတော့လည်း သီဂီမတစ်ယောက်ကတော့ သူမဂ်လာအလုပ်ကိစ္စနဲ့အလုပ်ရူပ်နေရာ ခရာတို့ပင် သတိမရဖြစ်နေလေသည်.....ပန်းချယ်ရီမကတော့သူရဲ့ပူပူနွေးနွေးရည်စား ကိုအာကာကျော်နဲ့ dataing လုပ်နေကြတာမို့ ခရာတို့ကိုပင် မေ့နေလေရာ...ပြောတော့ဖြင့် အဖြေမပေးသေးဘူး စောင့်ကြည့်အုံးမှာဆိုပိးတော့ အခုတော့မူတောင်မမူတော့ဘူး ရည်းစားနောက် ကောက်ကောက်ပါအောင်ကို လိုက်နေ‌တော့တာဘဲ ....ဟိုfaမနှစ်ကောင်ကျ တစ်ကောင်က သူအဖွားစီအလည်သွားပြီး....ကျန်တစ်ကောင်ခိုင်အမရာမီကတော့ ကိုလတ်နဲ့သီဂီမတို့ မဂ်လာဆောင်ကို ကူလုပ်နေရတာမို့ ခရာကိုဘယ်သူမှဂရုမစိုက်ကြဘူး ဟွန်း....ဘယ်ချိန်နေနေ ခရာကို ဂရုစိုက်တာဆိုလို့ ခရာ ကိုကို တစ်ယောက်ဘဲရှိတယ် .....

-
-
-
-
အစည်းအဝေးခန်းတွင်......

" တောက်...! ဒါကဘယ်လိုဖြစ်ရတာလဲ ဒီစာရင်းကွာဟမူတွေကဘာတွေလဲ ငါကို ချက်ချင်းရှင်းပြကြ..."

" ဟို...ဟို သူဌေး...ဒါက...ကျွန်တော်တို့ ပေါ့ရော့မူကြောင့်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ဗျ "

သျှင်ဘုန်းစက် ကလေးငယ်နဲ့မတွေ့ရလို့စိတ်ကမကြည်တာတစ်မျိုးအခုလဲ ဂိုဒေါင်ထဲက စာရင်းတွေ ကွာဟနေတာကြောင့် သူမှာပိုစိတ်တိုရသည်....ထစ်ကတည်းဆိုမှ စိတ်ကတိုချင်နေပါတယ်ဆို....အခုလို အစည်းအဝေးမှာ တင်ပြသွားတဲ့စာရင်းကွာဟမူကြောင့် သူမှာ ပို၍ စိတ်မကြည်ဖြစ်သွားရလေသည်

" ဒါအလုပ်ကွ...တောင်းပန်ယုံနဲ့ပိးသွားရအောင် ဒါကစားနေတာမဟုတ်ဘူး...."

သျှင်ဘုန်းစက် အော်လိုက်တာကြောင့် အစည်းအဝေးခန်းရှိလူအားလုံးကာတိတ်ဆိတ်လို့နေကြသည်..... ဂိုဒေါင်စာရင်းတောင်ဝန်ခံဟာ ....အခုလို စာရင်ကွာဟမူကြောင့် ခေါင်းငုံ့၍ သျှင်ဘုန်းစက်အား အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေနေလေသည်......

ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)Where stories live. Discover now