~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရာမျက်လုံးဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသည်က ကားနောက်ခန်းတွင် ပူဖောင်းများနဲ့အလှဆင်ထားပြီး ဘေးတွင်တော့ mini cakeလေးတစ်လုံးပေါ်တွင် anniversary par ကိုယ့်ကလေးငယ် ဟူသောစာတန်းလေးနှင့်ဖြစ်ပြီး ဆူးမရှိသော အနီရောင် နှင်းဆီပန်းစည်းအားခရာလက်ထဲသို့ပေးကာ .......
" 4 months anniversary par ကိုယ်ကလေးလေး "
ထိုစကားလေးဆိုကာ ကိုကိုက ခရာနဖူးလေးအားတစ်ချက်နမ်း၍ တင်းကျပ်စွာ ဖက်ထားလေသည်....ခရာလည်း ကိုကိုလည်တိုင်အား ပြန်လည်ဖက်တွယ်ကာထားလိုက်လေသည်....ခဏအကြာကိုကိုက စကားဆိုလာ၍......
" ဒီဆူးမပါတဲ့နှင်းဆီရဲ့ အဓိဟ္ဂယ်ကို သိလား ကလေးလေး "
ညနေခင်းအချိန်တွင် ချစ်ရသူပခုံးအားမှီကာ ကန်ရေပြင်ကိုငေးကြည့်နေရသည်က ကြည်နူးစရာအတိ.....
"မသိဘူးလေ ကိုကိုရဲ့....."
" ကိုကိုပြောပြမယ်....ဆူးမပါတဲ့နှင်းဆီအနီရောင်ရဲ့အဓိဟ္ပယ်ကမြင်မြင်ချင်းအချစ်တဲ့ ကိုယ့်ရဲ့ဘဝမှာလဲ ကလေးငယ်က ပထမဦးဆုံး ကိုယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ရတဲ့ မြင်မြင်ချင်းအချစ်လိုဘဲ "
"အာ့ .... ဒီကိုကိုကတော့လေ ခရာကို ရင်ခုန်အောင်အမြဲလုပ်တယ် ခရာတော့....ကိုကိုကမ္ဘာထဲမှာဘဲ နစ်မွန်းနေပြီး ဒါနဲ့လေ ခရာကို ဘာလို့ချစ်တာလဲ ဟင် "
" no reason အကြောင်းပြချက်မရှိဘူး လှလို့ချောလို့လဲမဟုတ်ဘူး ဒီတိုင်း ကလေးငယ်ဖြစ်နေလို့ကို ချစ်တာ ကိုကိုပြောတာသိလား "
" အဲ့ဆို....ခရာကို ဘယ်တုန်းကချစ်သွားတာလဲ "
" ဘယ်တုန်းကချစ်မိသွားလဲတော့ ကိုယ်လဲသေချာမသိဘူး ကိုယ်ကလေးငယ်ကိုချစ်တာ သိရှိသွားတဲ့အချိန်မှာတော့ ကိုယ့်ရဲ့စိတ်တွေက ကလေးငယ်စီမှာဘဲ အကုန်ရောက်နေတယ်ဆိုတာဘဲ relationship တင်မဟုတ်ဘူး ကိုယ်က ကလေးငယ်ကို married ထိ စိတ်ကူးထားတာ "
" ကျေးဇူးပါနော်ကိုကို...ခရာကိုအခုလိုမျိုးတေ်ွချစ်ပေးလို့ ခရာတကယ်ကို ဝမ်းသာတယ် သိလား ခရာအမှန်ပြောရရင် ကိုကိုအရင်ပုံစံတွေအရဆို ခရာကို အခုလိုမျိုးချစ်ပေးလိမ့်မယ်လို့ကိုမထင်တာ အခုတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားက ခရာဖြစ်နေပြီး အဲ့ဒါကိုကိုကြောင့် "
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...