~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~" မင်းကျွင်းတူးမဲ့ကိစ္စကို ပြောနေတာ ငစက်ရ ကဲဆိုစမ်းပါအုံး " ထိုသို့ အာကာကျော်တစ်ယောက်ဆိုကာ
" အောင်ကောင်းခန့် က"
" ဟျောင့်တွေ ငစက်က ဘယ်ကျွင်းကိုသွားတူးမလို့လဲ "ဟု ဆိုပြီး အူလည်လည်ဖြင့်မေးလေသည် ရည်စားတော့ထားတက်ပြီး ကျွင်းတူတာကိုတော့ မသိတဲ့ဒီနှစ်ကောင်ကိုမနိုင်တော့ဘူဆိုတဲ့ သဘောဖြင့်သာ နေထက်တို့အဖွဲ့ကြည့်နေလိုက်သည်....
အာကာကျော်က
" awwအေးပါကွာ ရည်းစားတွေရှိပြီးဒါတောင်မသိတဲ့မင်းတို့ကောင်တွေကို ပြောမိတာကိုက ငါအမှား.....! "" ဟ....ငါတို့ကမင်းလို့ဆော်တွေနဲ့ပတ်တွဲနေတဲ့သူမှမဟုတ်တာကွ...ဘယ်သိပါ့မလဲ " စက်ကဆိုကာ
အောင်ကောင်းခန့်ကလဲ
" ဟုတယ်...ငစက်စကားကို ငါလည်းထောက်ခံတယ် ဟျောင့်"ထိုသို့ပြောကာ ဂန်းမသားနှစ်ယောက်က သူအားဖဲ့နေလေသည်
" အေးပါ...အေးပါ..အခုတော့ပြောထားကြပေါ့ မင်းတို့ကောင်မလေးတွေနဲ့အဆင်မပြေမှ ငါစီလာပြီး သားရီးရေ ကူညီပါဦးဆိုလို့ကတော့ xီးဘဲရမယ်နော် အဲ့ကျ "
အာကာကျော် ဒီဂန်းမသားနှစ်ကောင်ကို အမြင်ကတ်သဖြင့်ထိုသို့ပြောလိုက်ခြင်းပင်.....
" အဲ့နှစ်ကောင်က အဲ့ဒါနဲ့မှတန်တာ ရည်းစားရပါပြီဆိုကတည်းက မျောက်ကို အုန်းသီးပေးထားသလားအောက်မေ့ရတယ် ဂနာကိုမငြိမ်ကြဘူး ဟိုကောင် ကောင်းခန့်ကပိုဆိုးတယ်"
ကောင်းထက်မိုးကလဲ အာကာကျော်စကားထောက်ခံသလိုဖြင့်ဆိုလာလေသည်.....
" မနာမလိုစမ်းပါနဲ့ကွာ....အဟား..အဟားး "
အောင်ကောင်းခန့်၏ ပြန်လည်လှောင်ပြောင်သံ
" ဘောကို မနာလိုတာလား ဂန်းမသားလေ "
ကောင်းထက်မိုးတစ်ယောက် အရိုက်ထိ၍
မအီမလည်ဖြင့်ဆိုကာ အောင်ကောင်းခန့်အား လိုက်ထုလေသည်............." မင်းတို့နှစ်ကောင်ကလေ ခွေးနဲ့ကြောင်လို့ဘဲ ကိုက်နေကြတာမမောဘူးလား " ဟု ခွန်းနေထက်မှ ရယ်ကျဲကျဲဖြင့်ဆိုလိုက်လေရာ
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...