~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ရေး...ခရာတို့နိင်ပြီကွ "
ကလေးငယ်က ပထမရလို့ ပျော်ရွှင်စွာခုန်ပေါက်နေသည်ကို သူခင်ဗျာ ကြည်နူးစွာကြည့်နေရသည်....
" ကိုကို...ကလေးလေးက တော်လိုက်တာ ကြည့်ပါဦး "
ပြောပြီးသည်နှင့်ကိုကိုက ခရာနဖူးလေးအားတစ်ချက်နမ်း၍ ကိုကိုရင်ခွင်ထဲသို့ခရာလည်းဝင်ကာ ဖက်ထားလိုက်လေသည်....ကိုကိုရဲ့ရင်ခွင်ကျယ်ကြီကိုလေ...ခရာဖြင့် သိပ်သဘောကျတာပဲ။ ခရာကို ပွေ့ဖက်လိုက်တိုင်း နွေးနွေးထွေးထွေးနဲ့ နစ်မြုပ်သွားတဲ့ ခံစားချက်ဟာ အရမ်းပေါ့.....
" ရက်စ်...အမရာတို့လည်း နိုင်ပြီ ကိုကြီးရေ "
ချာတိတ်ပေါက်စက ငစက်တို့နားရောက်တာနဲ့ ပျော်ရွှင်စွာ စက်ဘီးပေါ်မှဆင်းပြီးသူအားဖက်ကာ ခုန်နေတာမို့ နေထက်တစ်ယောက်ကြောင်ကာ ပြန်ဖက်ထားမိလေသည်....ချာတိတ်ပေါက်စကသတိရသွားဟန်နဲ့တူပါတယ် သူအားဖက်ထားရာကလေ ကိုယ်ရှိန်သတ်ကာ စက်ကောင်မလေးနားရောက်သွားလေသည်....နေထက်လည်း ချာတိတ်ပေါက်စကိုကြည့်ပြီး ရယ်လည်းရယ်ချင်သလို ရယ်လည်းမရယ်ရဲပါ ဘာလို့ဆို သူကိုယ်တိုင်လဲ ရင်တွေတုန်ပြီး ခြေဖျားလက်ဖျားများ အေးစက်သည်ထိ ရှက်နေခြင်းကြောင်းပင်......
" သွားပြီး...နွေးတို့ ရူံးသွားပြီ "
" ငမူးလေးကလဲ...အပျော်ကစားတာဘဲကို စိတ်မကောင်းဖြစ်မနေနဲ့ ပေါ့ပေါ့ပါးပါးဘဲပေါ့ကွာ "
" အကို...မသိပါဘူး...သူတို့နှစ်ကောင်ကမလွယ်တော့ဘူး မိနွေးတို့ ဘဝတော့သွားပါပြီ "
လက်နှစ်ဖက်အားမျက်နှာမှာအုပ်၍ခေါင်းငုံ့ကာ ကြွေကွဲနေသဖွယ်ပြောနေသော ငမူးကြောင့် ကောင်းထက် အံ့ဩစွာကြည့်နေမိသည်...အခုကစားတာကအပျော်ဘဲမဟုတ်ဘူးလား ဒါကို ငမူးက ဘာဖြစ်နေတာလဲ အတွေးထဲ၌ တစ်ယောက်ထဲရူပ်ယှက်ခက်စွာ စဉ်းစားနေလေသည်....
-
-
-
-
ညစာစားပြီးကြသည်နှင့်ခရာတို့ကိုယ့်အခန်းကိုယ်ဝင်ကြကာ နေကြလေသည်...မနက်ဖြန်ဆိုရင် hotel check out လုပ်၍ အိမ်ပြန်ရမည်ဖြစ်တာကြောင့် ဒီညကို ငတိမလေးကောင်နဲ့အဖော်ပြုကာ ဖြတ်သန်းရန်စဉ်းစားမိတာကြောင့် ငတိမလေးယောက်ကို စာပို့လိုက်လေသည်......
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...