{ ကိုကိုရဲ့ အရူပ်ထုပ်လေး}
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" အကို..."
သူမရှေ့မှာ မြင်နေရသည်ကသူမ လွမ်းနေခဲ့ရသည်သူပါလေ အကိုကဘယ်လိုဖြစ်လို့ စစ်ကိုင်းကို ရောက်လာခဲ့ရတာလဲ လက်ပိုက်ကာ အမရာနဲ့ ရိူင်းကို စူးစိုက်စွာကြည့်နေသည့်က အမရာပင် လန့်နေရသည် ရိူင်းကတော့ အကိုအကြည့်ကို လန့်နေသလားအောင်းမေ့ရတယ် အမရာကို နူတ်ဆက်ပြီး ချက်ချင်းတစ်ဖက်က သူအိမ်ကို တန်းပြန်ပြေးလေသည် အမရာမှာ ရိူင်းအဖြစ်ကို မရီနိုင်သေးပါ အခုသူမရှေ့မှာ ရှိနေသည့်အကိုဘာလာလုပ်သလဲဆိုတာကိုပင် မေးရအုံးမည် ကိုယ့်ကသူကိုမေ့ချင်လို့မှ တမင်စစ်ကိုင်းကို လာရှောင်ပါတယ်ဆိုမှ အခုသူက ကိုယ့်ရှေ့တည့်တည့်ကိုရောက်လာတော့ ဘယ်လိုလုပ်ရပါ့မလဲ
" ဘာတွေတွေးနေတာလဲ....ချာတိတ် တော်တော်မှ ပျော်နေသလား "
" ပျော်တယ်လို့လဲ...မဟုတ်ပါဘူး အကိုက ဒီကို ဘယ်လိုရောက်လာသလဲ ပိးတော့ အမရာအဘွားအိမ်ကို ဘာလာလုပ်တာလဲ ဟင် "
" ဖြေးဖြေးမေးမှပေါ့ကွာ.....ဘာလို့အလောတကြီးဖြစ်နေရသလဲ အကိုကမပြန်သေးပါဘူး အေးဆေးပေါ့ ချာတိတ်သိချင်တာတွေကို ဖြေပေးမယ် ဟုတ်ပြီလား "
နှုတ်ခမ်းလေးစူကာ သူမလေး သိချင်သောအဖြေအားမရသေးသည့်ပုံစံကြောင့် စိတ်ရူပ်သည့်ဟန်လေးက အသည်းယားစရာဖြစ်လှသည်ဆံပင်လေးကိုမြှောက်စီးထားပြီးဦးထုပ်အဖြူလေးကို ဆောင်းထားသည်က ချာတိတ်ကလေးနဲ့လိုက်ဖက်မူရှိနေသည်ဖြူဝင်းနုဖတ်နေသောမျက်နှာလေးကို စိတ်ရှိလက်ရှိသာနမ်းလိုက်ရရင်တော့ ဒီကလေး အော်ငိုလောက်တယ် ဟား ဟား ချာတိတ်ကိုကြည့်ပြီးတစ်ယောက်ထဲအတွေးထဲ၌ ကြည်နူးမူများကို တွေးကာအပြုံးများက မျက်နှာပေါ်၌ အထင်းသားပေါ်နေလျက်သူကိုယ်တိုင်တောင်သတိမထားမိလေရာ ချာတိတ်က......
" အကို...အကိုလို့ "
" ဟမ်...အမ်း ပြောလေ "
ရှက်ရှက်ဖြင့်လည်ပင်းကိုပွတ်ကာ နေလိုက်လေသည် ဒီကလေးမတစ်ယောက် သူသိချင်တာမသိရတာကြောင့် စိတ်ဆိုးဆိုးဖြင့် အိမ်ထဲသို့ ဝင်သွားလေသည် အမှန်ကတော့ ဒီကိုလာဖို့ သူမှာ ဉာဏ်များတဲ့ သျှင်နေစက်ရဲ့ အကူအညီကို အသနားခံပြီးတောင်းလာချင်း ပင် ဖြစ်ပုံကတော့ ဒီလိုပေါ့ဗျာ......
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...