~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ကလေးငယ်လေ...လာ ဒီဘက်နားလေးထိုင် ခေါင်းမူးရင်ကိုယ်ပေါ်မှီထားနော် အန်ချင်ရင်လည်းပြော ကျိတ်မှိတ်မနေနဲ့ သိလား "
ကားပေါ်တွင်ကိုကိုအသံဟာ ဆူညံလို့နေသည်က အခြားသူများမျက်စောင်းထိုးရသည့်အထိဖြစ်နေလေသည် ခရာက ခရီးဝေးတွေတို့ လူများတဲ့ အချိန်တွေဆို ကားမူးတက်တာကြောင့်ကိုကိုက အခုလို အသေးစိတ်ဂရုစိုက်နေရချင်းပင်....ကိုလတ်တို့နှင့်မလိုက်ဘဲ သီးသန့်သွားရအောင် ကလေးခေါင်းမူးမေလိမ့်မယ် ဟိုကျရင်တွေ့မှာဘဲကို လို့ပြောပေမယ့်လည်း ခရာကိုက အခုလိုအဖွဲ့လိုက်သွားတာ ပျော်စရာကောင်းချင်းကြောင့် ကိုကိုပါတာဘဲ ဘာမှမဖြစ်ဘူးဆိုပြီး လိုက်ခဲ့ချင်းဖြစ်သည်
" ငစက်....ကားပေါ်လည်း မင်းအသံကြည့်ဘဲ ငါဟန်နီးမွန်းလား မင်းတို့ ဟန်းန်ီးမွန်းလားကို မသဲကွဲတော့ဘူး "
" မသဲကွဲလဲ မသဲကွဲနဲ့ပေါ့၊ လာ လာ ကလေးငယ်လေး ကားထဲဝင်တော့ "
ကိုကိုကပြောပြီးသည်နှင့် ခရာအားကားထဲဝင်ခိုင်းကာ သူပါအတူလိုက်ဝင်လေသည်.....ဒီတစ်ခေါက်ကားမောင်တာဝန်ကျတာက ကိုကောင်းထက်မိုးနဲ့ ကိုခွန်းနေထက်ပင်၊ သူတို့နောက်တွင်တော့ ကိုလတ်နှင့်သီဂီမတို့က တစ်တွဲ ၊ ကိုအာကာကျော်နဲ့ ပန်းချယ်ရီက တစ်တွဲ 4ယောက်ထိုင်ကြီး အနောက်ခန်းတွင်တော့ ကိုကိုက ဘေးဘက်ဆုံးတွင်ထိုင် ကိုကိုဘေးတွင် ခရာ ကထိုင်ရသည် ၊ ခရာဘေးတွင်တော့ ခိုင်အမရာမီက ထိုင်ပြီး ခိုင်အမရာမီဘေးတွင်တော့ နှင်းစက်နွေးကထိုင်လေသည်....ခရာတို့ အခုသွားနေသည်က ချောင်းသာကမ်းခြေဖြစ်လေသည်....ကိုလတ်တို့က အလုပ်တွေက ပစ်ထားလို့အဆင်မပြေလို့ ယခုလို ရန်ကုန်ကနေ သွားရင် မနီးမဝေးနဲ့မို့ သွားလာရ လွယ်ကူသလို လူတွေလည်းမပင်ပန်းတာကြောင့် ချောင်းသာသို့ ရွေးရချင်းဖြစ်သည်....တစ် ရွေ့ရွေ့နဲ့မောင်းလာခဲ့သည်က ရန်ကုန်- ပုသိမ် လမ်းမကြီးပင်ရောက်လို့လာလေသည်။ ရန်ကုန်ကနေ ချောင်းသာသို့ သွားရသည်က အချိန်5 နာရီသာ မောင်းနှင်ရတာမို့ စောစောထပြီးမောင်းစရာလဲ မလိုသလို အချိန်ကုန်လည်း သက်သာစေသည်
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...