~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရာတို့ မိန်းကလေးတစ်ဖွဲ့က နေ့လည်ခင်းကို Hotel ရဲ့ infinity PooL မှာဘဲ ရေကစားဖြစ်သည် ကိုကိုအုပ်စုကတော့ ခရာတို့ ရေကန်ရဲ့ အနည်းငယ်လှမ်းသောနေရာတွင် ဝိုင်းဖွဲ့ကာ သောက်နေကြပြီး ပင်လယ်လေကို ရူရိုက်ကာ သဘာဝရဲ့ အရသာကို ခံစားနေကြလေသည်....နေထက် ရေကန်ထဲတွင် မျောက်ရူံးအောင်ဆော့ နေကြသော ချာတိတ်ပေါက်စတွေကို ကြည့်ကာ ပြုံးမိလေသည်...ရောက်လေရာတွင် စကားပေါကြသတ်လိုက်ကြနဲ့ တကယ်အရိုးခံလေးတွေပင် ထိုအရိုးခံလေးတွေထဲမှ ကောင်းခန့်ညီမကို သူ ပိုသတိထားမိသည်...သူမလေးက ထိုချာတိတ်အဖွဲထဲတွင် အရပ်အရှည်ဆုံးသူဖြစ်၍ သူနှင့်ယှဉ်ရင်တော့ ရင်ခွင်မှီလေးသာ ဖြစ်လေသည်
" ဟဲ့...မိအမရာ သိက္ခာတွေ ထိန်းစိမ်း ! မျက်လုံးက ရေကူးကန်အပေါ်ဘက်ရောက်နေလောက်ပြီး "
" အသေးလေးမွေးလာရမဲ့ ခရာစုတ်.... တိတ်နေစမ်း ကြည်နူးနေတာလေးကို လာဖျတ်နေတယ် "
" အယ်...အယ် မိန်းမ...ပြောစမ်း ဘယ်သူလဲ "
ရယ်ပြုံးပြုံးဖြင့် မျက်စပစ်ကာ မေးလိုက်လေသည်......
" ကိုနေထက်လေ...ငါအချစ်ဦးလေ , အဟီး "
" နင်ဘယ်တုန်းအချစ်ဦးလဲ ငါတို့လဲ မသိရပါလား "
ခရာနဲ့ အမရာ စကားကို နားစွန်နားဖျားကြားလိုက်တာကြောင့် လှမ်းမေးလိုက်လေသည်
" ငါပြောတာသာ နားထောင်စမ်းပါ မိသီဂီရယ် ကြားဖြတ်မပြောနဲ့ "
" နေဦး...မပြောသေးနဲ့အုံး အပေါ်အရင်တက်မယ် ရေထဲစိမ်တာကြာလှပြီကို အပေါ်ရောက်ရင် အသီးလေးစားပြီး နင်ပြောတာကို နားထောင်မယ် "
" နင်ဟာလေ...တစ်ကိုယ်လုံးအကြံကြည့်ဘဲ ဘယ်ကနေဘယ်လိုစားရမယ်ဘဲ တွေးနေတာ မိနွေးမရယ် "
" တော်စမ်းပါ...မိခရာရယ် အတူတူနဲ့အနူနူတွေကို လာမပြောစမ်းနဲ့ "
ခရာနဲ့ မိနွေး နှစ်ကောင်းသားရေထဲတွင်ရန်ဖြစ်ကျန်နေခဲ့ရာ အမရာတို့က ထိုနှစ်ကောင်အား ခေါင်းတစ်ရမ်းရမ်းဖြင့် ထားခဲ့ပြီး ကန်ဘောင်ပေါ် တက်ထိုင်နေကြလေသည်.....
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...