Part - 4

3.5K 268 4
                                        

Unicode

သောက်နေကျ ကော်ဖီဆိုင်ကနေ ကော်ဖီတစ်ခွက် အရင်ဝင်ဝယ်ပြီးမှ studio ဆီသို့ မောင်းလာလိုက်သည်

မိနစ်အနည်းငယ်လောက်ကြာအောင် မောင်းလာခဲ့ပြီးမှ ရှေ့တွင် ကားပိတ်နေသဖြင့် ရပ်လိုက်ရသည်

သွားနေကျ လမ်းက မသွားဘဲ လျှာရှည်ပြီး အတွင်းလမ်းက ပတ်လာတာ လမ်းက တစ်လမ်းသွားဆိုတော့ ဘယ်မှလည်း ကွေ့မရ ပြုမရနှင့် သွားမရတော့ဘဲ ကားပေါ်မှာ ငုတ်တုတ် ဖြစ်နေပြီ

Jeon Jungkook တို့ ရှည်ချင်ဦး

ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် အထက်တန်းကျောင်းတစ်ကျောင်း ရှိနေသည်

ကျောင်းရှေ့တွင် ကားမော်ဒယ်မျိုးစုံရယ် ကျောင်းလာကြိုတဲ့ ကျောင်းသားမိဘတွေရယ် လူပေါင်းစုံနှင့် အသက်ဝင် လှုပ်ရှားသွားလာနေသည်

ကျောင်းရှေ့ကို လာကြိုတဲ့ ကားတွေပိတ်ရပ်ထားတော့ နောက်ကားတွေ သွားမရတော့ဘဲ ပိတ်နေတာဖြစ်သည်

ဒီပုံအတိုင်းဆို တော်တော်နှင့် မပြီးမည့်ပုံမို့ နောက်ကားတစ်စီးစာ လမ်းကိုချန်ပြီး ကားကို ဘေးကပ်ရပ်လိုက်သည်

ကော်ဖီခွက်နှင့် ဖုန်းကိုယူပြီး ကားပေါ်မှ ဆင်းခဲ့လိုက်သည်

ဟိုလျှောက်ဒီလျှောက် နည်းနည်းလေး စပ်စုကြည့်လိုက်တော့ ဒီနေ့က အထက်တန်းကျောင်းသူကျောင်းသားတွေ နောက်ဆုံးရက် စာမေးပွဲ ဖြေသည့်နေ့ဟု ကျောင်းလာကြိုတဲ့ လူတွေ ပြောနေတာ တစ်စွန်းတစ်စ ကြားလိုက်ရသည်

ကားမောင်းနေတဲ့ လူတွေကိုလည်း အံ့ဩချပါသည် ထိုအတိုင်း ကားကိုစက်သတ်ြပ်ီး ရပ်စောင့်နေကြတာ.. မေတ္တာရှင်ကြီးတွေ

ကျနော်ဆိုတဲ့ အကောင်ကတော့ ဒါမျိုးကို မေတ္တာထား နားလည်ပြီး စောင့်နေပေးဖို့် စိတ်ကိုရှည်မနေဘူး

ရပ်စောင့်နေတာ ဆယ်မိနစ်လောက် ရှိပြီ ကားတွေက နေရကနေ နည်းနည်းလေးတောင် မရွေ့ ဒီထက်ကြာလာလျှင် ကားကို ထားခဲ့တော့မည်

ဖြေနေတဲ့ စာမေးပွဲက ဘယ်တော့မှ ပြီးမှာလဲ

ကားသော့ကို ဖွင့်ပြီး ပိုက်ဆံအိတ်ဝင်ယူပြီး ပြန်လာတော့ ဆူဆူညံညံအသံတွေ ကြားလာရသည်

Cool Guy's BabyOpowieści tętniące życiem. Odkryj je teraz