Part - 14

3.1K 213 0
                                        

Unicode

"လက်ထဲက ဘာတွေလဲ"

အထုတ်တွေက လက်နှစ်ဖက်လုံးအပြည့်နဲ့ ရောက်ချလာသော Taehyung ကို မြင်မြင်ချင်း Jimin က မျက်ခုံးကိုပင့်တင်ရင်း စိတ်ဝင်တစားမေးသည်

Taehyung က ကျောင်းလာရင် လွယ်အိတ်လောက်ပဲ သယ်လာချင်ပြီး လက်နှစ်ဖက်နှင့် ဟိုဟိုဒီဒီ ဘာမှကိုင်မလာချင်တဲ့အမျိုး

ဒါကို အထုတ်တွေ တပွေ့တပိုက်နှင့် ရောက်လာတာကြောင့် မေးခွန်းထုတ်ချင်စရာဖြစ်သည်

သူ့ဘဲကြီး လိုက်ပို့တာဆိုတော့ သူဝယ်ပေးလိုက်တာတွေလား

တဖြည်းဖြည်း စပ်စုချင်တဲ့စိတ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာသည်

''ကိုကို ပေးလိုက်တာတွေ.."

''ထင်ပါတယ်လေ..''

Jimin ပုံစံက သူသိသူတတ်ပုံစံမျိုးနှင့် စားပွဲပေါ်ချလိုက်သော အထုတ်တွေကို စတင်ပြီး ဖွင့်ကြည့်ဖို့ကြံတော့သည်

"ကြည့်ရအောင် ဘာတွေလဲဆိုတာ.."

"ဘာမှမဟုတ်ဘူး.. မုန့်တွေ"

မုန့်ဆိုသော အသံကြားတာနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက ခုနကထက်အရောင်ပိုပြီး လက်လာသည်

"ဒီမှာ ဒါက ငါ့ကိုချော့ချင်လို့ ကိုကိုကိုယ်တိုင် လုပ်လာပေးတဲ့ဟာ..''

sandwich box လေးကို ထုတ်ပြသည့်ပုံစံက ရိုးရိုးသားသားပါပဲ ကြွားလိုခြင်းအလျှင်းမရှိဘဲ လိုချင်တာရလို့ ပျော်ရွှင်ကျေနပ်နေသည့် ကလေးလေးတစ်ယောက်လိုမျိုးရယ်

"ဝါး.. သူကလေ.. ဒီလိုမျိုးကို.. မင်းအတွက်.."

Jimin သည်လည်း ကျနော့်နည်းတူပင် ကျနော့်ကိုကြည့်လိုက် box လေးကိုပြန်ငုံကြည့်လိုက်နှင့် အံ့အားသင့်မှုတွေ အပြည့်ဖြစ်နေသည်

"ငါလည်း ကြားကြားချင်တုန်းက ယုံတောင်မယုံနိုင်ဘူး.. သူလိုလူမျိုးက ဒီလိုတွေလုပ်တတ်မယ်ဆိုတာ.."

"ဒီပုံစံအတိုင်းဆို တော်တော်အဆင်ပြေခဲ့ပုံပဲ.."

"မင်းစကားက ဘာကြီးလဲ.."

"မင်းက အချော့ခံချင်နေတဲ့လူ.. ဟိုကလည်း မင်းကိုဒီပုံစံဖြစ်လာအောင်အထိ ချော့တာကျွမ်းတဲ့လူဆိုတော့ အဆင်ပြေပြီမဟုတ်လား''

Cool Guy's BabyTempat cerita menjadi hidup. Temukan sekarang