Unicode
အိပ်ရာနိုးနိုးချင်း ကျင့်သားရနေသော လက်တို့က ခေါင်းအုံးအောက်သို့ ဟိုစမ်းဒီစမ်းဖြင့် ဖုန်းကို လိုက်ရှာနေမိသည်
အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်း ဖုန်းကို တန်းကြည့်တာက ဖျောက်မရသော အကျင့်ဖြစ်နေသည်
ဖုန်းစခရင်တွင် နာမည်မှတ်မထားသော ဖုန်းနံပါတ်မှ ပို့ထားသောစာကြောင့် အိပ်ချင်မူးတူး မပွင့်တပွင့် ဖြစ်နေသော မျက်လုံးတွေ ပြူးကျယ်လာကုန်သည်
ပို့ထားသော စာနှစ်ကြောင်းက 'Morning ဘေဘီ' နောက်ပြီး 'သိပ်ချစ်တယ်'
မနေ့က ညနေလေးတင်မှ ဖုန်းနံပါတ်ပေးခဲ့လိုက်မိတာ ဒီမနက် နိုးနိုးချင်းကို စာက ပို့ထားပြီ အခုတောင် စာတွေပို့နေပြီဆိုတော့ နောက်လည်း မပို့ဘူးဆိုတာ မဖြစ်နိုင်
ဖုန်းနံပါတ် ပေးခဲ့မိတာ မှားများမှားလေပြီလား
ဖုန်းကို အိပ်ရာပေါ်ဝင် ပစ်ချပစ်ခဲ့လိုက်ပြီး စောင်ပုံထဲက ထွက်ကာ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်
သူငယ်ချင်းတွေနှင့် စာများစွာ ပို့ဖူးပါတယ် ဒါပေမဲ့ အခုလောက် ရင်တုန်ပန်းတုန် မဖြစ်ဘူး အခုမှ ဖုန်းကို နှစ်ခါတောင် ပြန်မကြည့်ရဲတော့တာ
___
"အဲ့တော့ သူက မင်းကို စာပို့တယ်ပေါ့"
"Jimin တိုးတိုးပြော..''
ဘေးဘီကို ဝေ့ကြည့်တော့ အကုန်လုံးက သူ့အာရုံနှင့်သူမို့ သက်ပြင်းဖွဖွ ချရသည်
"မင်းဖုန်းတော့ စာတွေတောက်လျှောက် ဝင်နေတော့မှာ ငါမြင်ယောင်နေပြီ"
ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ကိုကာကိုလာကိုတောင် သောက်ရတာ အရသာမရှိတော့ဘူး တကယ်ပါပဲ စိတ်ညစ်လိုက်တာ
"ငါ သူ့ကို ဘလော့ပစ်လိုက်ရမလား"
"မလုပ်နဲ့.. သူမင်းကို ပို့တဲ့ ရင်ခုန်စရာကောင်းတဲ့စာလေးတွေ စောင့်ဖတ်.."
"ဘာကိစ္စ.. ငါကလေ.."
Taehyung သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးရင်း ရှူးရှူးရှဲရှဲ ဖြစ်သွားသည်
