Unicode
'ဘေဘီ အခုတစ်ယောက်တည်း ရှိနေတာမလား'
'ဟုတ်တယ် ကိုကို'
'ကိုယ် မင်းအသံလေး ကြားချင်တယ်'
စာတစ်ကြောင်းဝင်တိုင်း ချက်ချင်းစာပြန်ပြန်သည့် Taehyung လက်လေးတွေက ဒီတစ်ခါတော့ တုံ့နှေးသွားသည်
'ကိုယ်တို့ ဖုန်းပြောရအောင်'
စာရောက်ပြီးသည်နှင့် တန်းဝင်လာသော ဖုန်းကောလ်ကြောင့် အိမ်မက်ဆိုးကနေ လန့်နိုးလာသူလိုမျိုး ရင်တွေ ဒိတ်ခနဲဖြစ်ကာ ထိပ်ထိပ်ပျာပျာ ဖြစ်သွားသည်
ကျနော်နှင့်် ကိုကို အပြင်မှာသာတွေ့ရင် တွေ့ဖူးမယ် စာများစွာပို့ရင်သာ ပို့ဖူးမယ် ဒါပေမယ့် ဖုန်းကို ကြားခံပြီး တစ်ခါမှ စကားမပြောဖူးဘူး.. တစ်ခုမှကို မပြောဖူးဘူးလို့..
ဖုန်းကို ကြောင်အစွာနှင့် ကိုင်ထားရင် နဖူးကနေ ဇောချွေးတွေ ထွက်လာပြီး လက်ဖျားခြေဖျားတွေပါ အေးစက်လာသည်
ကိုင်ပဲကိုင်လိုက်ရမလား ဒီတိုင်းပဲ ထားလိုက်ရမလား စဉ်းစားရင်း ဖုန်းကျသွားခဲ့သည်
သက်ပြင်းချမယ် ကြံနေတုန်း နောက်တစ်ခါ ပြန်ခေါ်လာသည့် ဖုန်းကြောင့် မျက်ဆံလေးတွေက အတွေးများနေရသည့်ဟန်နှင့် ဟိုဟိုဒီဒီ လှုပ်ရှားနေသည်
နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်
'ဘေဘီ..'
လေထုထဲကနေတစ်ဆင့် အကြားအာရုံဆီသို့ စီးဝင်လာသည့် Jungkook ၏ သေလောက်အောင် ဆွဲဆောင်မှုရှိနေသော အရာများထဲမှ တစ်ခုဖြစ်သော deep voice ကြောင့် Taehyung အောက်နှုတ်ခမ်းလေးကို ကိုက်မိသွားသည်
ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပေမယ့် ဖုန်းကိုင်ထားသည့် လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေက တုန်ယင်နေသည်
'မင်းရဲ့အကြောင်းကို သိနေတော့ ကိုယ်က ဖုန်းမကိုင်မှာ စိုးနေတာ..'
'..'
Jungkook ဟက်ခနဲ ရယ်မိတော့သည် ပြန်ဖြေမို့ မပြောနှင့် အသက်ရှူသံမျှင်းမျှင်းလေးတောင်မှ မကြားရ
