Unicode
"ဒါဆို ဒယ်ဒီ ပြန်တော့မယ် Jungkook"
"ဟုတ်ကဲ့.."
"အားရင်လည်း အိမ်ကိုလာခဲ့ပါဦး.. တစ်ယောက်တည်း မလာချင်ရင်လည်း Taehyung ကိုပါ ခေါ်ခဲ့ပေါ့"
သူ့သားအကြောင်းသိသူပီပီ Jungkook ဒယ်ဒီက အိမ်လာဖို့ကို သေချာမှာသည် Jungkook တစ်ယောက်တည်းထက်စာလျှင် Taehyung ပါလျှင် သူ့ဆီကိုလာဖို့က ပိုပြီးရာခိုင်နှုန်းများတာကြောင့် နောက်ဆုံးတွင် Taehyung နှင့်ချုပ်သွားတာဖြစ်သည်
"ဟုတ်ကဲ့ အန်ကယ် ကျနော်တို့ အချိန်ရရင် လာလည်ပါ့မယ်"
Taehyung က အရိပ်အကဲသိသူပီပီ Jungkook အစား အလိုက်အထိုင်လေး ဝင်ဖြေတော့ Jungkook ဒယ်ဒီက ခပ်ပါးပါးပြုံးသည်
"Taehyung ကို သေချာဂရုစိုက်နော် Jungkook.. တစ်ခုခုဖြစ်ရင် ဒယ်ဒီက Taehyung ဘက်ကပဲ.. မင်းဘက်မှာမနေဘူးနော်"
Jungkook ဒယ်ဒီက နှစ်ယောက်လုံးကို စိုက်ကြည့်ရင်း နောက်တောက်တောက်ဆိုတော့ သူတို့နှစ်ယောက်လုံး Mr.Jeon နှင့်အတူ လိုက်ရယ်မိပါသည်
Jungkook ဒယ်ဒီ ထိုင်ရာကနေထပြီး ပြန်ဖို့ပြင်သောအခါ Taehyung Jungkook ကို တံတောင်နှင့် တွတ်ကာ လိုက်ပို့ဖို့ မျက်လုံးနှင့်စကားပြောလာသည်မို့ Jungkook မတ်တပ်ထရပ်လိုက်ရင်း
"ကျနော် လိုက်ပို့ပေးရမလား ဒယ်ဒီ"
"ရတယ် Jungkook ဒယ်ဒီကားပါတယ်"
"ဂရုစိုက်ပြန်ပါ အန်ကယ်"
Taehyung မတ်တပ်ထရပ်ကာ ကိုယ်လေးကို ရို့ရင်းဆိုတော့ Jungkook ဒယ်ဒီက သူ့အမူအရာလေးကို သဘောကျသွားသော အပြုံးနှင့် တုန့်ပြန်လေသည်
ဒီကောင်လေး Jungkook ကို လက်တို့တုန်း သူမြင်ပေမယ့် မမြင်ချင်ယောင်တောင်နေခဲ့တာ.. သူ့သမက်လောင်းလေးက သူ့သားထက်ပိုပြီး အလိုက်အထိုက် ပြောဆိုဆက်ဆံတတ်ပြီး အရိပ်အကဲလည်း နားလည်သည့်ကလေး ဖြစ်သည်
"ဒယ်ဒီ သွားတော့မယ် ကောင်းကောင်းနေခဲ့ကြနော်.."
Taehyung က တံခါးဝနားထိပဲ လိုက်ပို့ပြီး အခန်းမှာကျန်နေခဲ့သည် Jungkook ကတော့ တစ်စုံတစ်ယောက်၏ တိုက်တွန်းမှုကြောင့် သူ့ဒယ်ဒီကို ကားပါကင်အထိလိုက်ပို့ရှာသည်
