Part - 17

3.1K 205 6
                                        

Unicode

ဘွဲ့ယူပြီးသွားတည်းက အိမ်မှာပဲ နေဖြစ်တာများပြီး အပြင်လည်း သိပ်မထွက်ဖြစ်တာကြောင့် ကိုကိုနဲ့လည်း မတွေ့ရဘဲ ဖုန်းနဲ့သာ အဆက်အသွယ်ရှိသည်

ဒီရက်ပိုင်း အိမ်မှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေပြီး တစ်ခုခုကို အကောင်အထည်ဖော်ရန် အပြင်းအထန် တွေးတောဖြစ်သည်

ငယ်ငယ်လေးတည်းက ဓာတ်ပုံရိုက်ခြင်းအနုပညာကို စိတ်ဝင်စားခဲ့တာ.. နောက်ပိုင်းမှလည်း အချိန်ရရင် ရသလိုတော့ လေ့လာဖြစ်ခဲ့သည်

ဆိုတော့ ရည်ရွယ်ချက်က ကိုယ်ပိုင်စတူဒီယိုလေးတစ်ခု ဖွင့်ချင်သည်ပေါ့..

ရှေ့ဆောင်လမ်းပြဖြစ်တဲ့ ကိုကိုကလည်း သူ့ဝါသနာပါရာကို လုပ်နေတာမို့ ကျနော်ကသူ့ကို ကြည့်ပြီး အားကျရသည်

အိမ်ကလည်း ဝါသနာပါသည့် ဓာတ်ပုံရိုက်ခြင်းကို ဝမ်းသာစွာပဲ လက်ခံသည့်အပြင် ချီးမွမ်းပေးကြတာကြောင့် ပိုပြီးပျော်ရွှင်ရသည်

မိသားစုပိုင်သည့် စီးပွားရေးလုပ်ငန်းလည်း ရှိပါသည် တကယ်သာဆို ကျနော်က တစ်ဦးတည်းသော အမွေဆက်ဆံသူကြောင့် ကုမ္ပဏီ၏ ဥက္ကဌရာထူးကို မလွဲမသွေ ဆက်ဆံရမှာဖြစ်သည်

ဒါပေမယ့် ကျနော်စီးပွားရေးလောကကို လုံးဝစိတ်မဝင်စားသည်ကို ဒယ်ဒီနဲ့မာမီက ကောင်းကောင်းသိသည် ထို့ကြောင့် ကုမ္ပဏီနှင့် ပတ်သတ်တာတွေကို အတင်းအကျပ် မခိုင်းစေဘဲ ဝါသနာပါရာကိုသာ လွတ်လပ်စွာ လုပ်စေပြီး နောက်ကနေ အပြည့်အဝ Supporting ပေးသည်

အရင်ကတည်းက ရည်ရွယ်ချက် ရှိခဲ့သော ကိုယ်တိုင်စတူဒီယိုလေး ဖွင့်ချင်သည့် အိမ်မက်သည် မကြာခင်ပဲ လှလှပပ ဖြစ်လာတော့မည်

ဒီအကြံအစည်ကို ဘယ်သူနဲ့မှတော့ မတိုင်ပင်ရသေးဘဲ ကိုယ်ဘာသာကိုယ်သာ ဘယ်လိုလုပ်မယ် ဘယ်လိုကိုင်မယ်ဆိုပြီး အစအဆုံး စိတ်ကူးဖြင့် တွေးတောထားတဲ့ အဆင့်အထိလောက်ပဲ ရှိသေးသည်

အိပ်ရာထခါစမို့ ခပ်ပွပွဖြစ်နေသည့် ငွေရောင်ဆံနွယ်လေးတွေ ဝဲကျနေသော နဖူးလေးနားကို ဘောပင်နှင့် တို့ထိတို့ထိလုပ်ကာ စဉ်းစားရင်းတစ်မျိုး..

Cool Guy's BabyTahanan ng mga kuwento. Tumuklas ngayon