Part - 19

3.2K 185 7
                                        

Unicode

စတူဒီယိုရဲ့ ဖြူဖွေးနေ‌သော နံရံထက်မှာ ဓာတ်ပုံလေးတွေက တစ်စတစ်စနှင့် အခန်းရဲ့ပတ်ပတ်လည်တွင် နေရာယူလာပြီဖြစ်သည်

ကောင်းကင် တောင်တန်း ပင်လယ် စသည့်ရှုခင်းပုံတွေ.. လမ်းမီးတိုင်ဘေးက အဆောက်အဦတွေ.. ဒါတွေက Taehyung သူရိုက်ခဲ့တဲ့ပုံတွေထဲကမှ သဘောကျသည့်ပုံလေးတွေကို highlight ဘဘောဖြင့် နံရံထက် အစီအရီ ချိတ်ဆွဲထားတာဖြစ်သည်

ထိုကဲ့သို့သော ဓာတ်ပုံတွေကသာ စတူဒီယိုထဲသို့ အကြောင်းကိစ္စဖြင့် လာရောက်သူများ လွယ်လင့်တကူ မြင်နိုင်အောင် ချိတ်ဆွဲပြသထားပေမယ့် ပိုင်ရှင်‌မသိအောင်ခိုးရိုက်ထားတဲ့ နောက်ကျောပုံလေးတစ်ပုံကတော့ စတူဒီယိုအတွင်းရှိ သူ့ကိုယ်ပိုင်အခန်းသေးသေးလေးထဲက နံရံပေါ်မှာ လျှို့ဝှက်စွာနေရာယူထားပါသည်

ပင်ပန်းလာလို့ အခန်းထဲသို့ ဝင်ရောက်အနားယူဖို့ပြင်လိုက်တိုင်း အရင်ဆုံးအကြည့်ရောက်မိသည်က ထိုဓာတ်ပုံလေးဆီသို့သာဖြစ်သည်

ထိုပုံလေးက ပင်ပန်းနွယ်နယ်လာ‌သော သူ့စိတ်အစုံကို ကြည်လင်လန်းဆန်းစေပြီး နှုတ်ခမ်းအစုံကို စိတ်လိုလက်ရ ကွေးညွတ်သွားအောင်အထိ စွမ်းဆောင်ပေးနိုင်သည်

တက္ကသိုလ်ကျောင်းသား မဟုတ်တော့ဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်နေသူတစ်ယောက်အနေနှင့် အရင်ကထက်စာလျှင် အားလပ်ချိန်တွေတော့ သိသိသာသာ လျှော့နည်းသွားပေမယ့် နေ့ရက်တိုင်းကို ဝါသနာရာအလုပ်နှင့် ယှဉ်တွဲဖြတ်သန်းနေရတာမို့ ပျော်သည်

အခုဆို လွတ်လပ်ခွင့်လည်းပိုရသည် အရင်က ဒယ်ဒီတို့က တစ်ခုခုဆို ‌ရှေ့က‌နေကာဆီးကာဆီး လုပ်တတ်ပေမယ့် အခုတော့ တော်ရုံတန်ရုံကိစ္စလောက်ဆို သိပ်ပြီး ဝင်မပါတော့ဘဲ လွတ်ပေးသည်

ပတ်ဝန်းကျင်အကြောင်း ကောင်းကောင်းသိအောင် လူတွေအကြောင်း ကောင်းကောင်းသိအောင် ထိုသို့ လွတ်ထားပေးမှန်း သိပါသည်

အားလပ်ချိန်ရရင်တော့ ကိုကိုပေးထားတဲ့ ကင်မရာလေးကို လည်တိုင်မှာ ကျော့ကျော့လေးချိတ်ဆွဲရင်း solo outdoor ထွက်ရင်ထွက် မဟုတ်ရင် short trip လေးတွေသွားပြီး ဓာတ်ပုံရိုက်ရင်း လေညှင်းခံလေ့ရှိသည်

Cool Guy's BabyOpowieści tętniące życiem. Odkryj je teraz