Part - 23

2.7K 176 8
                                        

Unicode

"သားစိတ်ညစ်နေတာကို ရှင်ကြည့်ရက်ပေမယ့် ကျွန်မမကြည့်ရက်ဘူး ရှင်သဘောတူချင်တူ မတူချင်နေ ကျွန်မကတော့ သဘောတူတယ်"

ဘယ်သူနဲ့ဆိုသဘောမတူဘူး ဘယ်ဝါနဲ့ဆိုသဘောမကျဘူးဟု ကြွေးကြော်နေခဲ့တဲ့သူက ယခုသူ့ကိုပင် သားဖြစ်သူနှင့် Jungkook ကို သဘောတူပေးဖို့ လာဖြောင်းဖြနေသည်

"ကိုယ်လည်းကြည့်ရက်လို့ ကြည့်နေတာမဟုတ်ဘူး ဖြစ်သင့်တာကို စဉ်းစားနေတာ..''

"ရှင်က ဘယ်တော့မှစဉ်းစားလို့်ပြီးမှာလဲ သားကိုလည်းကြည့်ဦး မျော့မျော့ပဲကျန်တော့တယ်"

ထိုနေ့က အိမ်ရှေ့လမ်းမထက်မှာ အရုပ်ကြိုးပျက်သလိုပုံကျနေတဲ့ Taehyung ၏ ပုံစံကို အခုချိန်ထိမျက်လုံးထဲမှာ ပြတ်ပြတ်သားသားမြင်ယောင်နေတုန်း

ကျကွဲသွားသော ဖန်ခွက်တစ်ခွက်လို တစ်စစီကွဲအက်နေဟန်နှင့် ပုံရက်သားလေး တွေတွေဝေဝေမျက်ဝန်းဖျော့လေးတွေထဲမှာလည်း မျက်ရည်လေးတွေတစမ်းစမ်းဖြင့် လမ်းမကိုမျှော်ငေးကြည့်နေတဲ့ပုံက သူမကို အံ့ဩမှင်သက်စေသလို ရင်နှင့်မဆန့်အောင် နာကျင်ခံစားရစေသည်

သူမမှာ အပြေးသွားရင်း ပုခုံးကနေဖက်ကာ ထိန်းကိုင်ထစေပြီး အိမ်ထဲကို တွဲခေါ်လာတော့လည်း အသက်မပါသည့်လူတစ်ယောက်လို ငြိမ်သက်စွာလိုက်ပါလာခဲ့သည် ဧည့်ခန်းထဲမှာ ကျန်နေခဲ့သည့် သူ့ဒယ်ဒီလည်း သူ့ကိုမြင်တော့ တော်တော်လေးတုန်လှုပ်သွားခဲ့သည်

သူမ မျက်လုံးစုံမှိတ်ရင်း သက်ပြင်းခပ်ဖွဖွရှိုက်သည် တွေးကြည့်မိတိုင်းလည်း ရင်ထဲမှာစူးအောင့်နေအောင်ခံစားရသည် ဒီကလေးဆိုရင်ရော ဘယ်လောက်တောင်ခံစားနေရမလဲ

ဒီရက်ပိုင်း Taehyung ရော Taehyung ပုံစံကို တွေ့နေမြင်နေရသော သူတို့နှစ်ဦးလုံးရော ဘယ်လိုမှစိတ်မသက်သာရချေ.. ဆက်ပြီးမကြည့်နေနိုင်တာကြောင့် ဒီကိစ္စကို မြန်မြန်ရှင်းမှဖြစ်မည် မဟုတ်လျှင် Taehyung တစ်ခုခုတောင် ဖြစ်သွားနိုင်သည်

"Mr.Jeon ကလည်း ကျွန်မတို့နဲ့မစိမ်းပါဘူး လုပ်ငန်းဖက်ပဲမဟုတ်လား သူတို့မိသားစုကလည်း မကောင်းသတင်းမရှိပါဘူး သူဆိုလည်း မိန်းမဆုံးသွားပြီးနောက်ပိုင်း ဘာအရှုပ်အရှင်းမှ ‌ကောလဟာလသတင်းတောင် မထွက်တာလေ"

Cool Guy's BabyDonde viven las historias. Descúbrelo ahora