Unicode
အိမ်ထဲကိုဝင်လျှင် ဧည့်ခန်းထဲမှာ လပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေသော ဒယ်ဒီကိုဦးစွာတွေ့ရသည်
တံခါးဝနားမှာ ငြိမ်ရပ်နေစဉ် မီးဖိုချောင်ထဲက ထွက်လာသည်ဟုထင်ရသည့် မာမီက ကျနော့်ကိုဒယ်ဒီ့ထက် အရင်မြင်သွားကာ ဝမ်းသာသောမျက်ဝန်းတွေဖြင့် တောက်ပစွာပြုံးပြသည်
လက်ညှိုးကိုနှုတ်ခမ်းပေါ်ဒေါင်လိုက်တင်ကာ မာမီ့ကို တိတ်တိတ်နေရန် အချက်ပေးလိုက်တော့ ဒီကလေး အကျင့်ကိုမပျောက်သေးဘူးဆိုသည့်သဘောမျိုးဖြင့် ကြည့်လာသည် ဟီခနဲရယ်ပြလိုက်တော့ မနိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါပြသည်
ခြေဖျားကိုကြွကာ တစ်လှမ်းချင်း အသံလုံလုံထိန်းလျှောက်လျက် ဒယ်ဒီ့အနားသို့ တိတ်တဆိတ် ချဉ်းကပ်ရင်း ဆိုဖာနောက်တွင် နေရာယူလိုက်သည်
"ဒယ်ဒီ!"
ပုခုံးပေါ်ကို ဖက်ခနဲလက်တင်ရင်း သာမာန်ထက်အားထည့်ခေါ်လိုက်တော့ ဒယ်ဒီက အလန့်တကြားလှည့်ကြည့်သည် မျက်မှန်အောက်က မျက်ဝန်းတွေက တကယ်လန့်သွားဟန်တူသည်
ထို reaction ကြောင့် Taehyung ပုခုံးလေးတွေ လှုပ်ခါသည်အထိ တသိမ့်သိမ့် ရယ်တော့သည်
"ဒီသားအဖနှယ့် လိုက်လဲလိုက်တယ်.. တစ်ယောက်ကလည်း အိမ်ပြန်လာရင် လန့်အောင်စလိုက်ရမှ တစ်ယောက်ကလည်း ဘယ်လောက်စစ အသားမကျဘဲ လန့်ကောင်းနေတုန်း"
Mrs.Kim ဆိုဖာတွင် ဝင်ထိုင်သည်အထိ Taehyung မှာ သူ့ဒယ်ဒီကိုကြည့်ရင်း အရယ်မရပ်နိုင်သေးပေ
"ကိုယ်က အလုပ်ထဲမှာ အာရုံရောက်နေလို့ ဘယ်သိမလဲကွ မင်းကမှ သိသိရက်နဲ့မပြောဘဲ ကလေးနဲ့ပေါင်းကြံတာမလား"
ဒယ်ဒီက သူ့ကိုဝိုင်းရယ်နေတာမို့ ကျနော်တို့နှစ်ယောက်လုံးကို ကျေနပ်ဟန်မတူ
"တော်ပြီ ရှင်နဲ့မပြောတော့ဘူး"
မာမီက ဒယ်ဒီ့ကိုလျစ်လျူရှုရင်း ကျနော့်ဘက်သို့ စောင်းထိုင်လာသည် ဒယ်ဒီ့ကိုကြည့်မိတော့ သူ့မျက်နှာအနေအထားက နှစ်ယောက်တစ်ယောက် အခြေအနေကို မနာလိုဖြစ်နေသည်
