Unicode
စားပွဲပေါ်တွင် နေရာယူထားသော နှင်းဆီပန်းနီနီတွေ.. နှုတ်ခမ်းပါးတို့က အလိုလိုနေရင်း ပြုံးမိသွားသည် နီရဲရဲနှင်းဆီပန်းတွေ ကျနော်သိပ်ကြိုက်တာ
"ဟွန်း.. Kim Taehyung တို့ မကြိုက်လို့ဘဲနော်.."
ပန်းစီးကို ယူပြီး ငုံကာ နမ်းရှိုက်နေရင်းမှ နှာမှုတ်သံနှင့်အတူ ခပ်ရွဲ့ရွဲ့ ထွက်ပေါ်လာသော စကားသံကြောင့် ဖျက်ခနဲ မော့ကြည့်မိသည်
လက်ထဲတွင် ကိုင်ထားသော နှင်းဆီပန်းစီးကို ဆက်ပဲကိုင်ထားရတော့မလိုလို အောက်ပဲချလိုက်ရတော့မလိုနှင့် အို့တို့အန်းတန်း ဖြစ်သွားရသည်
ပန်းမြင်ရင် အလိုလို ပြုံးမိသွားတဲ့ နှုတ်ခမ်းသားတွေကို မကျေမနပ်ဖြင့်သာ ဖိကိုက်မိတော့သည်
"ပန်းကို ကြိုက်လို့ ပြုံးတာကို.."
"အခုက ပန်းကိုပဲ ကြိုက်သေးတာ.. နောက် လူကိုပါ မကြိုက်ဘူးလို့ ပြောနိုင်လား"
Taehyung ၏ ဖြစ်သွားသော မျက်နှာလေးကို ကြည့်ရင်း မသိမသာ ကြိတ်ပြုံးမိကာ စိတ်ထဲတွင်လည်း သဘောတွေကျပြီးရင်း ကျနေသည်
ဟိုဘဲကြီး Taehyung ကို လိုက်နေပြီးနောက်ပိုင်းထဲက သူ့ကို အဲ့လူအကြောင်းနှင့် ပတ်သတ်ပြီး စလို့ကို သိပ်ကောင်းတာ
"ငါ့ရဲ့ တစ်ယောက်တည်းရှိတဲ့ ချစ်လှစွာသော သူငယ်ချင်းလေး ပါသွားတော့မယ်ထင်တယ်"
"မင်းကိုက ပါစေချင်နေတာ.."
မျက်လုံးတွေ ပိတ်သည်အထိ စပ်ဖြီးဖြီးလာလုပ်ပြသည် မျက်စောင်းသာ ပိတ်ထိုးပေးလိုက်သည်
ကိုယ့်သူငယ်ချင်း ငယ်ငယ်ချောချော နုနုရွရွလေးကို ဘယ်ကမှန်းမသိတဲ့လူနဲ့ သိပ်ကိုပေးစားချင်နေတာ
တစ်နေ့တစ်နေ့ ကျနော်နှင့် Jimin ကြားတွင် ထိုလူကြီးအကြောင်းမပါရင် မိုးကိုမချုပ်နိုင်ဘူး
"မင်း အခု နမ်းတာတော့ မင်း ဘဲကြီး ပေးတဲ့နှင်းဆီပန်းကိုပေါ့နော်.. နောက် မင်းနမ်းရမဲ့ဟာက ဘဲကြီးရဲ့ နှုတ်ခမ်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးနော်.."
