Part - 15

3.5K 218 4
                                        

Unicode

"ဒီနေ့ ဘယ်အရင်သွားကြမလဲ.."

သွားစရာနေရာတွေ နည်းနည်းများတာကြောင့် တစ်ယောက်တည်းစဉ်းစားလို့မရတော့သည့်အဆုံး Taehyung ကိုပါ စစ်ကူတောင်းလိုက်သည်

"မျက်နှာ အရင်ပေါင်းတင်မလား"

လက်ချောင်းသွယ်သွယ်လေးတွေကို ဖြူဝင်းချောမွတ်နေသော မျက်နှာလေးထက်တွင် တို့ထိထိလုပ်ပြရင်း ချစ်စရာကောင်းအောင် ပြန်ဖြေသည့် Taehyung ရယ်..

"ရတယ်လေ"

Jimin ကားကို ချိုးကွေ့လိုက်ပြီး အရှိန်မှန်မှန်နဲ့ပဲ မောင်းလာခဲ့သည် ဦးတည်ချက်ကတော့ သူနှင့် Taehyung သွားနေကြဆိုင်ကိုဖြစ်သည်

ဒီရက်ပိုင်းအတွင်း ကျနော် Jimin နှင့်အတူ ရှိဖြစ်တာများသည်

ကျနော်တို့နှစ်ယောက်၏ ဘွဲ့ယူမည့်ရက်ကနီးလာပြီ ဖြစ်တာကြောင့် ဘယ်သူနဲ့ make up ပြင်မယ် ဘယ်သူ့ကို ခေါ်ပြီး ဓာတ်ပုံရိုက်မယ် ဟိုဟာလုပ်ရမယ် ဒီဟာလုပ်ရမယ် စသည်စသည်ဖြင့် တိုင်ပင်ဆွေးနွေးကြရင်း နှစ်ယောက်လုံးမအားရပါ

ဒါပေမယ့် အထူးသဖြင့်တော့ မျက်နှာကိုပိုပြီး ဂရုစိုက်ဖြစ်ကြသည် ဘွဲ့ယူတဲ့နေ့မှာ အချောဆုံးဖြစ်နေဖို့အရေး ကျနော်တို့နှစ်ယောက်ရဲ့အရေးပဲ

အခုလည်း အရင်ဆုံး မျက်နှာပေါင်းတင်ရမည် ပြီးရင် အဝတ်အစားလည်း ဝယ်ရမည် ဓာတ်ပုံဆရာဆီလည်း သွားရမည် အဲဒီကအပြန် အကျီၤအပ်ထားသည့် ဒီဇိုင်နာဆီကိုလည်း ဝင်ရဦးမည်

ဗိုက်ဆာလာသည့်အခါ စားချင်တာလည်း ဝင်စားဦးမည်ပေါ့..

ဟိုပြေးရဒီပြေးရပါများတော့ ဝိတ်တောင်နည်းနည်းကျသွားသလို ခံစားရသည် ဝိတ်ကျတာက ပြဿနာကြီးကြီးမားမားတော့မဟုတ်.. နဂိုတည်းက ဝိတ်ကျရန်အတွက် အစားလျှော့စားတတ်သည့် သူ့အဖို့ အဆင်တောင်ပြေနေပါသေးသည်

"Taehyung ငါတို့ ဆံပင်ညှပ်ဆိုင်လည်း သွားရဦးမှာမဟုတ်လား.."

"အဲဒါကို ငါမေ့နေတာ.."

သွားဖြင့်ကိုက်ဖို့ပြင်နေသည့် ပီဇာကို Taehyung ပါးစပ်နားဆီ ရောက်အောင်မပို့နိုင်တော့.. အရေးကြီးသည့်အရာတစ်ခုကို သတိရသွားသလိုမျိုး ပြူးပြူးပြဲပြဲလေး ဖြစ်သွားသည်

Cool Guy's BabyDonde viven las historias. Descúbrelo ahora