Unicode
အိမ်ပြန်လမ်းတစ်လျှောက်တွင် မကြာသေးခင်ကမှ ဖြစ်သွားခဲ့သော မြန်ဆန်လွန်ပြီး မထင်ထားသည့် ရုတ်တရက်ဆန်ဆန် အဖြစ်အပျက်များကို တွေးကြည့်မိရင်း Taehyung ရင်လည်း ခုန်ရသလို မျက်နှာလေးကလည်း တပြုံးပြုံးရယ်
Mr.Kim တောင်မှ ကားပေါ်ကို ရောက်ကတည်းက ဘာစကားမှ ရေးရေးရာရာမပြောဘဲ တပြုံးပြုံးနှင့် ဖြစ်နေသော သူ၏ချစ်လှစွာသော သားကို အထူးအဆန်းဖြစ်ကာ ခဏခဏ လှည့်ကြည့်လှည့်ကြည့်ရယ်
ပုံမှန်သာဆို ကျောင်းလာကြိုတာ နောက်ကျလို့ ကျောင်းရှေ့မှာ ခြေထောင်ညောင်းအောင် ရပ်စောင့်ခဲ့ရလို့ဆိုပြီး မျက်နှာလေး ဆူပုတ်ပြီး နှုတ်ခမ်းတဆူဆူ မကျေမချမ်းဖြင့် ဒယ်ဒီ့ ဒရိုင်ဘာက ဘာဖြစ်တယ် ညာဖြစ်တယ်နှင့် တတွတ်တွတ် တိုင်တောနေမည့်ကလေးက အခု ငြိမ်ချက်သားကောင်းနေတယ်ဆိုတော့ကား..
Mr.Kim ကားမောင်းနေရင်း အတွေးတွေနယ်ချဲ့နေသလို ကျောလည်းခပ်ချမ်းချမ်းရယ်.. ငြိမ်နေတာ အကောင်းတော့ မဟုတ်တန်ရာ..
တော်ကြာ အိမ်ရောက်လို့ သူ့မာမီကိုမြင်တာနဲ့ မာမီဆိုပြီး ရင်ခွင်ထဲပစ်ပျက်ဝင်ကာ တန်းတိုင်မှ အမှုကပိုကြီးရော့မယ်.. သူ့မာမီက သူ့ဟာလေးနဲ့ဆို သေးသေးတင်တောင် ခံတာမဟုတ်ဘူး
ကားမောင်းရင်း မျက်ခုံးတလှုပ်လှုပ် သက်ပြင်းတချချရယ်
___
'အိမ်ပြန်ရောက်ပြီလား'
ထမင်းစားပြီး အခန်းထဲပြန်ဝင်လာတော့ ဖုန်းကိုတန်းကိုင်မိရာ စာတစ်စောင်က ဆီးကြိုနေသည်
အိမ်ပြန်ရောက်ကတည်းက ဖုန်းကို အားသွင်းထားကာ ရေချိုးပြီးတော့ ညစာစားနေတာကြောင့် ဖုန်းနဲ့ဝေးနေတာ အနည်းငယ်ကြာပြီဖြစ်သလို ကိုကိုစာပို့ထားတာလည်း ကြာပြီဖြစ်သည်
ဘာမှမဟုတ်ခင် အချိန်ကတော့ ဘာပို့ပို့ ပို့ချင်ရာပို့ ဘာမှပြန်မဖြေပေမယ့် အခုအခြေအနေက အရင်ကနှင့် မတူတော့ဘူးဆိုတော့ ခပ်မြန်မြန်ပင် စာပြန်လိုက်သည်
သဘောကျရသော အလုပ်ထဲတွင် ကိုကိုနှင့် စာပို့ရသည်ကလည်း တစ်ခုအပါအဝင်လို ဖြစ်လာသည်
