Part - 9

2.9K 224 1
                                        

Unicode

"Taehyung မနိုးသေးဘူးလား"

မနက်စောစော သူငယ်ချင်းအိမ်ကို တက်ကြွသော ခြေလှမ်းတွေဖြင့် ကလေးတစ်ယောက်လို ခုန်ပေါက်ပြီးရောက်လာသော Jimin ကို Mr.Kim မှာ ကြည့်ပြီး ပြုံးဖို့သာ တတ်နိုင်ပါတော့သည်

တကယ်တည်း ဒီကလေးနှစ်ယောက် လိုက်လည်းလိုက်တယ် သူတို့ဟာသူတို့ဆို သိပ်လူကြီးဖြစ်ချင်နေကြပြီး လူကြီးတွေရှေ့ရောက်ရင်တော့ ကလေးလေးတွေလို ဖြစ်သွားကြသည့် နှစ်ယောက်ရယ်

မိဘအချင်းချင်းကလည်း အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီး ငယ်ငယ်လေးတည်းက အိမ်ကိုဝင်ထွက်နေတာကြောင့် ဒီကလေးကိုလည်း သူမသားအရင်းတစ်ယောက်ကဲ့သို့ ချစ်ရပါသည်

တစ်ခါတစ်ခါ ကလေးနှစ်ယောက်ကို ကြည့်ရင်း သူမနှင့် Jimin ၏ အမေဖြစ်သူ သူမသူငယ်ချင်း၏ ငယ်ငယ်က ပုံရိပ်တွေကို ပြန်မြင်ရသလိုပါပဲ

ဒီကလေးနှစ်ယောက်က သိပ်ကို အတိုင်အပေါက်ညီကြသည်

တစ်ခုခုလုပ်ပြီဆို နှစ်ယောက်တည်း ကြိတ်လုပ်တတ်သည် အဆူခံရမည့်ကိစ္စမျိုးဆိုလည်း နှစ်ယောက်ကြားထဲတွင်သာ ထားသည် ဘယ်တော့မှ တစ်ယောက်ကို တစ်ယောက်မချွန် သိပ်ကို သစ္စာရှိကာ စည်းလုံးကြသည်

တစ်ယောက်တည်းသောလေးတွေမို့ အလိုလိုက်ထားတာကြောင့် နှစ်ယောက်စလုံးက တစ်ခါတလေကျတော့လည်း ဂျစ်တိုက်ပြီး ဆိုးတတ်သေးသည်

ဒီအမူအရာတွေကလည်း သူတို့ပဲ မြင်တွေ့ခွင့်ရတာဖြစ်သည် ဒီကလေးနှစ်ယောက်က အချင်းချင်းရယ် မိသားစုအပေါ်ရယ်ကလွဲ ကျန်တဲ့လူအပေါ်ဆို မဆိုးတတ်သူတွေမဟုတ်

''မင်း သူငယ်ချင်းအကြောင်း သိတယ်မလား ဒီအချိန် ဘယ်နိုးပါလိမ့်ဦးမလဲ"

"အကျင့်ယုတ်ပြီး အတင်းနှိုးချင်လို့ အစောကြီးလာတာ သူမနိုးသေးမှန်းသိတယ်''

ခပ်ညစ်ညစ်အပြုံးလေးက ခပ်ထူထူနှုတ်ခမ်းတွေထက် နေရာယူထားသည် သူမ အသည်းယားလာလွန်းလို့ ဆံပင်လေးတွေကို ဆွဲဖွပစ်လိုက်ချင်ပေမယ့် ကိုပဲများလေးက ဆံပင်ကို သေချာ ပုံကျပန်းကျ ပြင်ထားတာမို့ မလုပ်ရက်ပြန်ရော..

Cool Guy's BabyOnde histórias criam vida. Descubra agora