Unicode
စိတ်လှုပ်ရှားမှုကြောင့် မနက်မိုးလင်းကတည်းက Taehyung သက်ပြင်းတချချနှင့် ထိုင်မရထမရ ဖြစ်နေသည်
ဒယ်ဒီက ကိုကို့ကို တွေ့ချင်တယ်ဆိုပြီး ခေါ်ထားတာကြောင့် နောက်နာရီပိုင်းလောက်နေရင် သွားရတော့မည်
သူခေါ်ထားတာတစ်ပတ်လောက်ရှိပြီကို ဟိုလှည့်ဒီလှည့်နဲ့ အချိန်ဆွဲထားတာ.. ဒါပေမယ့် အခုတော့ထပ်ပြီး လုပ်လို့မရတော့သဖြင့် သွားရတော့မည်
"ဘေဘီ..''
"နိုးနေရင်လည်း ကိုယ့်အနားမှာပဲနေနေလေ ဘယ်တွေကို လျှောက်သွားနေတာလဲ ကိုယ်မကြိုက်မှန်းသိသိနဲ့ကွာ.."
အသံက အိပ်ရာထခါစမို့ ခပ်အက်အက်.. ခါးဆီကို သိုင်းဖက်လာသည့် သန်မာကျစ်လစ်နေသော လက်မောင်းတွေနှင့်အတူ ခပ်ခြောက်ခြောက်ဖြစ်နေသော နှုတ်ခမ်းသားတွေရဲ့အထိအတွေ့က ဘယ်ဘက်ပါးဆီကို နူးညံ့စွာ ကျရောက်လာသည်
"ကိုယ်ကြည့်နေတာ ခုနတည်းက.. ဘာလို့ သက်ပြင်းတချချ ဖြစ်နေတာလဲ"
ရင်ခွင်ထဲကို အလိုက်သင့်လေးမှီထားရင်း ကိုကိုမေးတာတွေကို ဘာဆိုဘာမှမဖြေနိုင်သေး.. အဲဒါတွေထက် သူ့အတွေးထဲမှာ တစ်ချိန်လုံး နေရာယူထားသည့် အရာကသာပိုပြီးကြီးစိုးနေပါသည်
"ဟွန်.. ဘေဘီ.."
အဝေးတစ်နေရာဆီငေးကြည့်ရင်း အတွေးတချို့နှင့်အတူ လွင့်မြောနေသော စိတ်အစုံသည် လည်တိုင်ပေါ်က စိုစိစိအထိအတွေ့ကြောင့် ဆတ်ခနဲပြတ်တောက်သွားသည်
"ကျနော် စိတ်လှုပ်ရှားနေတာ ဒယ်ဒီက ကိုကို့ကိုတွေ့ရင် ဘာတွေပြောမလဲဆိုတာ.."
"ပြီးတော့ ဒယ်ဒီက ကျနော်တို့ကို သဘောမတူဘူးဆိုရင်ရော.."
Taehyung ကိုယ်လေးကို Jungkook ဆွဲလှည့်လိုက်ပေမယ့် အလှည့်မခံတာကြောင့် ရင်ခွင်ထဲကိုသာ ပိုပိုသာသာ ဆွဲထည့်လိုက်ကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်
ခါးသွယ်သွယ်လေးပေါ် မြဲမြန်စွာ တွယ်ချိတ်ထားသည့် သန်မာလှသည့် လက်မောင်းတွေပေါ်မှာ လက်မောင်းသွယ်လှလှလေးက ထပ်လျက်တည်ရှိသည်