Unicode
"မနေ့က မင်း ငါ့ကို ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြန်မဆက်ရတဲ့ အကြောင်းအရင်းလေး ပြောစမ်းပါဦး"
ဒီမေးခွန်းကို မေးနေတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့ဘူး အဖြေချင်လို့ တမင်မဖြေတာကို မဖြေမချင်းလိုက်ပတ်မေးနေတော့တာပဲ
"အိပ်ပျော်သွားလို့ တမင်မဆက်တာ မဟုတ်ပါဘူး"
"မနေ့ညက ငါ မင်းအိမ်ထိတောင် လိုက်လာမလို့ မားက မိုးချုပ်နေပြီ မသွားနဲ့ဆိုလို့"
ဒီလိုမျိုးဆို Jimin တို့က နှစ်ယောက်မရှိအောင် တက်ကြွလွန်းသည်
"ငါ့ကို မြန်မြန်ပြောပြစမ်းပါ မနေ့က ငါပြန်သွားပြီးနောက်ပိုင်း ဘာဆက်ဖြစ်လဲဆိုတာ.."
မဖြေတုန်းကလည်း မဖြေလို့ ဖန်တစ်ရာထေအောင် မေးနေပြီး ဖြေပြီးတော့လည်းမပြီး ထပ်မေးပြန်သည်
မျက်တောင်ကို မကြောင်းမရှိစွာ အောက်စိုက်ချလိုက်မိပြီး နှုတ်ခမ်းကို မသိမသာ ဆူထားမိသည်
"ဒီတစ်ခါလေးပဲ မပြောပြလို့မရဘူးလား"
ကျနော်နှင့် Jimin ကြားတွင် ဖုံးကွယ်ထားသော အကြောင်းအရာဆိုတာ ဘယ်တော့မှ မရှိ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ခုခုဆို တစ်ယောက်ကိုတစ်ယောက် အရင်ဆုံးဦးအောင် ပြောပြကြတာ
ပြီးတော့ ထိုကိစ္စတွေကိုလည်း နှစ်ယောက်ကြားတွင်သာထားသည် တချို့အရာတွေ လူကြီးတွေသိသွားတာမျိုးဆို နှစ်ယောက်လုံး အဆူခံရမှာ
"Tae Tae နော် အရင်ကဆို ဘာနေနေ ငါ့ကို အရင်ဆုံးပြေးပြောတဲ့လူက ဟိုဘဲကြီးနဲ့မှ ဂျောင်ထိုးခံရပြီ"
ဝမ်းနည်းသလို လေသံတိုးတိုးနှင့် မျက်နှာကို ချက်ချင်းမဲ့ချသွားသည်
တမင်သပ်သပ်မပြောပြတာ မဟုတ်ဘဲ ပြောပြရမှာ အို့တို့အန်းတန်းလိုလို ရှက်တက်တက်လိုလို ဖြစ်နေလို့ မပြောပြတာ ထိုသို့ပြောလာတော့လည်း ရင်ထဲမကောင်း
"တစ်ခါပဲ ပြောပြမှာနော် သေချာနားထောင်"
ခုနက ဖျော့တော့နေသော မျက်လုံးတွေ တလက်လက် အရောင်တောက်လာသည် အနားကို ချက်ချင်း တိုးကပ်လာတော့ မျက်စောင်းတစ်ချက် ထိုးပေးလိုက်သည်
