Unicode
ကျယ်လောင်စွာ ပေါ်ထွက်လာသော ဖုန်းမြည်သံက မနက်စောစော အိပ်ကောင်းတဲ့အချိန်
ဘယ်သူလဲဆိုတာ မကြည့်လည်းသိတယ် ဒီလိုအချိန် အိပ်နေမယ်မှန်း သိသိကြီးနဲ့ဆက်တာ Park Jimin ဆိုသည့် အလိုက်ကမ်းဆိုးမသိသည့် လူပဲရှိသည်
"Kim Taehyung!! မင်းအခုထိ မထသေးဘူးမလား"
ဒီလို ကျယ်လောင်လွန်းသည့် အော်သံကို ကြားရတော့မယ်မှန်း ကြိုသိနေလို့ ဖုန်းကို လက်နဲ့ကိုင်ပြီး ဝေးဝေးမှာ ထားထားတာ
"အွန်း.. အခုထပါပြီလို့.."
အသံက အိပ်ချင်မူးတူးနှင့် လေးလေးပင်ပင်
"ငါအခုလာနေပြီ ခဏနေ ရောက်တော့မယ် မင်း အိပ်ရာထဲက မထသေးလို့ကတော့ အတွေ့ပဲ"
ပြောချင်ရာပြောပါစေ ပြီးတာနဲ့ ဖုန်းကိုချလိုက်ပြီး ခေါင်းအုံးထဲ မျက်နှာနှစ်ကာ ပြန်အိပ်လိုက်သည်
Jimin ရဲ့ ကျောင်းကို စောစောသွားချင်သည့် ရောဂါက ဘာမှန်းကိုမသိ ကုလို့ကိုမရတာ
အရင်က ကိုယ့်ဟာကိုယ်သွားပြီး ကျောင်းရှေ့ရောက်မှ နှစ်ယောက်တွေ့ကြတာ
အခုနောက်ပိုင်းမှ ဟိုလူကြီးကို ကြောက်လို့ Jimin နဲ့ နှစ်ယောက်တူတူသွားကြတာ
Jimin မရောက်သေးလို့ ကျောင်းထဲမဝင်သေးဘဲ အရှေ့မှာ ရပ်စောင့်နေရင် ဟိုလူကြီးက အနားကိုလာပြီး စကားတွေ ပြောလိုက် စူးရဲရဲ အကြည့်တွေနဲ့ လာကြည့်လိုက် လုပ်တတ်တာကြောင့် မနေတတ်
ပြီးတော့ သူ့ဆီကရတဲ့ အရှိန်အဝါတစ်ခုက လူကို ပိုပြီးနေရခက်စေသည်
သူ့ကြောက်လို့ Jimin ကို အားကိုးပါတယ်ဆို ပိုဆိုးနေသလားပဲ မှတ်ရတယ် ကောင်းကောင်းကို မအိပ်ရဘူး
___
မနက် မိုးလင်းကတည်းက လန်းဆန်းနေပြီး မျက်စိထဲ ဘာမြင်မြင် အချိုးပြေနေသည်
ခြေလှမ်းတွေကလည်း မနေ့က အလုပ်သွားခါနီးတုန်းကလို လေးပင်မနေဘဲ တက်ကြွနေသည်
ကျောင်းပိတ်ရက်မို့လို့ ဘေဘီ့မျက်နှာလေးကို မမြင်ရတာ နှစ်ရက်ရှိပြီ ဒီနေ့တော့ ကျောင်းပြန်ဖွင့်ပြီမို့ တွေ့ချင်နေသည့် မြင်ချင်နေခဲ့သည့် လွမ်းနေခဲ့ရသည့် မျက်နှာလေးကို တွေ့ရပါတော့မည်
