Unicode
"အိမ်ပြန်မပို့ပေးခင် ကိုယ်နဲ့ တစ်နေရာ လိုက်ခဲ့မလား"
ကားကို လက်တစ်ဖက်တည်းနဲ့ ကျွမ်းကျင်စွာ မောင်းနေရင်းမှ ငဲ့စောင်းကြည့်လာပြီး လေသံပြေပြေနှင့် ပြောသည်
ဘေးကနေ ငြိမ်သက်စွာပါလာတာ အသက်တောင်ရှူပါရဲ့လားမသိ ဒါတောင် အနောက်မှာ သွားထိုင်မယ်လုပ်နေလို့ မျက်နှာထား တည်တည်နှင့် ခပ်ပြတ်ပြတ် ပြောလိုက်တော့မှာ မထိုင်ချင်ထိုင်ချင်နဲ့ အရှေ့မှာ လာထိုင်တာ
ဒီဟာလေးက တစ်ခါတလေတော့လည်း ခပ်ကြမ်းကြမ်းကိုင်တွယ်ပေးမှရမှာ
ဘာတစ်ခွန်းမှမဆိုဘဲ မလှုပ်မယှက် ထိုင်နေသည်ကိုကြည့်ရင်း သက်ပြင်းချကာ ကားကို ဆက်မမောင်းတော့ဘဲ ဘေးကို ထိုးရပ်လိုက်သည်
ခုနက လေသံမဆိုသလောက်လေး မာသွားတာကို လန့်သွားတာလားမသိ
စဉ်းစားရင် စဉ်းစားရင် ကိုယ့်ကိုယ်ကိုယ် လှိမ့်ပြီးသာ အပြစ်တင်မိတော့သည်
ဘေဘီက နူးနူးညံ့ညံ့လေးကို သွားပြီး ကြမ်းရမ်းပြနေတာ.. Jeon Jungkook တို့က ပြဿနာကို မီးခွက်ထွန်းပြီးကို ရှာတာ ဟိုဟာလေးက တကယ်ကြောက်သွားပြီလားမသိ
လေသံကို အတတ်နိုင်ဆုံး အပျော့ပျောင်းဆုံး အနူးညံ့ဆုံး အညင်သာဆုံး နှိမ့်ချလိုက်ရင်း
"ကိုယ်က မင်းကို မုန့်လိုက်ကျွေးချင်လို့.. ဟွမ်.. ခဏလောက် လိုက်ခဲ့မယ် မဟုတ်လား"
ကိုယ့်ကိုယ်ကိုယ်လည်း တကယ် မသိတော့ ဘယ်တုန်းက ဒီလောက် ချော့ချော့မော့မော့ ပြောဆိုတတ်သွားပြီး စိတ်ရှည်တတ်သွားလဲဆိုတာ
သေချာတာတော့ ဘေဘီနဲ့မှ ဘေဘီ့ကြောင့်သာ အချိုးတွေက ပြောင်းကုန်တာ
"ဟုတ်.."
မရဲတရဲ ပေါ်ထွက်လာသည့် အသံခပ်သဲ့သဲ့လေးကြောင့် နှုတ်ခမ်းပါးတို့ ကော့တက်သွားသည်အထိ ပြုံးလိုက်မိသည်
"ကိုယ့်ကို ကြည့်ပြီးဖြေ.."
သူကသာ ဘေဘီ့ဘက်ကို ဇက်ကြောလွဲတော့မတက် စောင်းထားတာ ထိုဟာလေးကတော့ ခေါင်းကို အောက်ငုံ့ထားဆဲ
